Jeremiah 36:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဖတ်၍ပြီးဆုံးသွားသောအခါမှူးမတ်တို့သည် ထိတ်လန့်သည့်အမှုအရာဖြင့်အချင်းချင်း ကြည့်ကာ``ဤအမှုကိုမင်းကြီးအားငါတို့ သံတော်ဦးတင်ရပါမည်'' ဟုဗာရုတ်အား ပြောကြာပြီးလျှင်၊-
Burmese 1835 Version Judson
ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြား လျှင်၊ အချင်းချင်း ကြောက်ရွံ့သော စိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
Burmese 1928
ထို ကျမ်း ချက် ဟူ သ မျှ ကို ကြား ကြ လျှင် အ ချင်း ချင်း အံ့ အား သင့် လျက်၊ ဤ အ ချက် အ လုံး စုံ ကို ဘု ရင် မင်း မြတ် ထံ မု ချ တင် လျှောက် မည် ဟု၊ ဗာ ရုတ် အား ဆို ကြ ပြီး နောက်၊
Burmese 2021
ထိုစကားအလုံးစုံတို့ကို မင်းများတို့သည် ကြားလျှင်၊ အချင်းချင်း ကြောက်ရွံ့သောစိတ်ရှိ၍၊ ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက် ကြားလျှောက်ရမည်ဟု ဗာရုတ်ကို ဆိုကြ၏။
Burmese JBZV
ထိုစကားအလုံးစုံတို႔ကို မင္းမ်ားတို႔သည္ ၾကားလၽွင္၊ အခ်င္းခ်င္း ေၾကာက္ရြံ့ေသာစိတ္ရွိ၍၊ ငါတို႔သည္ ဤစကားအလုံးစုံတို႔ကို ရွင္ဘုရင္အား ဆက္ဆက္ ၾကားေလၽွာက္ရမည္ဟု ဗာ႐ုတ္ကို ဆိုၾက၏။
Burmese MCLZV
ဖတ္၍ၿပီးဆုံးသြားေသာအခါမွူးမတ္တို႔သည္ ထိတ္လန႔္သည့္အမွုအရာျဖင့္အခ်င္းခ်င္း ၾကည့္ကာ``ဤအမွုကိုမင္းႀကီးအားငါတို႔ သံေတာ္ဦးတင္ရပါမည္'' ဟုဗာ႐ုတ္အား ေျပာၾကာၿပီးလၽွင္၊-
Burmese MSBU
သူတို့သည် စကားတော်အလုံးစုံကို ကြားရသောအခါ အသီးသီးကြောက်ရွံ့တုန်လှုပ်ကြ၏။ ဗာရုတ်အားလည်း “ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်ထံ မဖြစ်မနေတင်ပြရမည်”ဟု ဆိုပြီး
Burmese MSBZ
သူတို႔သည္ စကားေတာ္အလုံးစုံကို ၾကားရေသာအခါ အသီးသီးေၾကာက္႐ြံ႕တုန္လႈပ္ၾက၏။ ဗာ႐ုတ္အားလည္း “ဤစကားအလုံးစုံတို႔ကို ရွင္ဘုရင္ထံ မျဖစ္မေနတင္ျပရမည္”ဟု ဆိုၿပီး