Jeremiah 36:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-
Burmese 1835 Version Judson
ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။
Burmese 1928
သုံး လေး ကန့် တိုင် ယေ ဟု ဒိ ဖတ် မိ လျှင်၊ အိုး ကင်း ရှိ မီး ၌ ကျမ်း လိပ် မ ကုန် မ ချင်း၊ ဓား မျှောင် နှင့် အ ကြိမ် ကြိမ် လှီး ဖြတ် ၍ ပစ် ရှို့ လေ ၏။
Burmese 2021
ယေဟုဒိသည် သုံးလေးခန်းလောက် ဖတ်မိလျှင်၊ ရှင်ဘုရင်သည် စာရေး၏ဓားနှင့်လှီး၍ မီးမယ်ဖျူးပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန်အစင် ကျွမ်းလောင်လေ၏။
Burmese JBZV
ေယဟုဒိသည္ သုံးေလးခန္းေလာက္ ဖတ္မိလၽွင္၊ ရွင္ဘုရင္သည္ စာေရး၏ဓားႏွင့္လွီး၍ မီးမယ္ဖ်ဴးေပၚမွာရွိေသာ မီးထဲသို႔ စာလိပ္ကို ခ်ပစ္လၽွင္၊ အကုန္အစင္ ကၽြမ္းေလာင္ေလ၏။
Burmese MCLZV
ေယဟုဒိဖတ္၍သုံးေလးပိုဒ္မၽွၿပီးသည္ ႏွင့္တစ္ၿပိဳင္နက္မင္းႀကီးသည္ ထိုအပိုဒ္တို႔ ကိုဓားႏွင့္လွီးျဖတ္၍မီးထဲသို႔ပစ္ထည့္ လိုက္၏။ သူသည္ဤနည္းအတိုင္းပင္စာ လိပ္တစ္ခုလုံးမီးေလာင္ကၽြမ္း၍သြား သည့္တိုင္ေအာင္ျပဳေလသည္။-
Burmese MSBU
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
Burmese MSBZ
စာသုံးေလးပိုင္းမွ် ဖတ္အၿပီးတြင္ ရွင္ဘုရင္သည္ စာေရးေတာ္ႀကီး၏ဓားျဖင့္ စာလိပ္ကိုျဖတ္၍ မီးေတာက္ေနေသာမီးလင္းဖိုထဲသို႔ပစ္ခ်ရာ စာလိပ္တစ္ခုလုံး မီးလင္းဖိုထဲတြင္ ေလာင္ကြၽမ္းကုန္၏။