Jeremiah 38:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
Burmese 1835 Version Judson
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူ သည် ဤသို့သော စကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသောစစ်သူရဲ အစရှိသော လူအပေါင်း တို့၏ လက်ကိုအားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး ၏ အကျိုးကိုမပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကိုကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ ဟု လျှောက်လျှင်၊
Burmese 1928
မှူး မတ် တို့ က၊ ဤ သူ သည် လူ မျိုး ချင်း တို့ အ ကျိုး ကို မ ရှာ၊ အ န္တ ရာယ် ကို သာ ရှာ ကြံ သည် နှင့် အ ညီ၊ ကြော် ငြာ သော စ ကား များ ဖြင့်၊ မြို့ တော် တွင် ကျန် သေး သော သူ ရဲ တို့ နှင့် မြို့ သား တို့ ကို လက် လျော့ စေ သည့် အ တွက် သေ ဒဏ် ပေး တော် မူ ပါ ဟု ဘု ရင် မင်း ထံ တင် လျှောက် ကြ သော်၊
Burmese 2021
ထိုမှူးမတ်တို့သည် ရှင်ဘုရင်ထံသို့ဝင်၍၊ ဤသူသည် ဤသို့သောစကားကိုပြောသဖြင့်၊ မြို့ထဲမှာ ကျန်ကြွင်းသေးသော စစ်သူရဲအစရှိသော လူအပေါင်းတို့၏လက်ကို အားလျော့စေတတ်ပါ၏။ သူသည် ဤလူမျိုး၏အကျိုးကို မပြုစုတတ်၊ ဖျက်ဆီးတတ်ပါ၏။ ထိုကြောင့်၊ သူ့ကို ကွပ်မျက်ပါမည်အကြောင်း အခွင့်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊
Burmese JBZV
ထိုမွူးမတ္တို႔သည္ ရွင္ဘုရင္ထံသို႔ဝင္၍၊ ဤသူသည္ ဤသို႔ေသာစကားကိုေျပာသျဖင့္၊ ၿမိဳ႕ထဲမွာ က်န္ႂကြင္းေသးေသာ စစ္သူရဲအစရွိေသာ လူအေပါင္းတို႔၏လက္ကို အားေလ်ာ့ေစတတ္ပါ၏။ သူသည္ ဤလူမ်ိဳး၏အက်ိဳးကို မျပဳစုတတ္၊ ဖ်က္ဆီးတတ္ပါ၏။ ထိုေၾကာင့္၊ သူ႔ကို ကြပ္မ်က္ပါမည္အေၾကာင္း အခြင့္ေတာင္းပန္ပါ၏ဟု ေလၽွာက္လၽွင္၊
Burmese MCLZV
ထိုအခါမွူးမတ္တို႔သည္မင္းႀကီးအား``ဤ သူကိုသုတ္သင္ပစ္မွျဖစ္ပါမည္။ သူသည္ ဤစကားမ်ားကိုေျပာဆိုျခင္းအားျဖင့္ ၿမိဳ႕တြင္းရွိစစ္သည္သူရဲတို႔အားေလ်ာ့ ေစပါ၏။ ၿမိဳ႕ထဲတြင္အျခားက်န္ရွိေနေသး သူအေပါင္းကိုလည္းဤနည္းအတိုင္းပင္ ျဖစ္ေစပါ၏။ သူသည္လူတို႔၏ေကာင္းက်ိဳး ကိုမရွာ၊ ဆိုးက်ိဳးကိုသာလၽွင္ရွာပါ၏'' ဟုေလၽွာက္ထားၾက၏။-
Burmese MSBU
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
Burmese MSBZ
ထိုအခါ မႉးမတ္တို႔က ရွင္ဘုရင္အား “ဤသူ ေသသင့္ပါ၏။ သူေျပာေသာစကားအားျဖင့္ ဤၿမိဳ႕၌က်န္ခဲ့ေသာ စစ္သည္တို႔ႏွင့္လူအေပါင္းတို႔ကို စိတ္အားေလ်ာ့ေစပါၿပီ။ သူသည္ ဤလူမ်ိဳးၿငိမ္းခ်မ္းဖို႔ထက္ ေဘးအႏၲရာယ္ျပဳဖို႔ကိုသာ ရွာႀကံပါၿပီ”ဟု ေလွ်ာက္ၾက၏။