Jeremiah 4:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
Burmese 1835 Version Judson
အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။
Burmese 1928
ဝိုင်း ဝန်း သော စစ် မက် တို့ သည်၊ ဝေး ကွာ ရာ ပြည် မှ ချီ လာ၍၊ ယု ဒ မြို့ ရွာ တစ် ဘက် ကြိမ်း မောင်း သံ ပြု ကြ သည် ဟု၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ လူ မျိုး ခြား တို့ အား ဖော် ပြ ကြ လော့။
Burmese 2021
အပြည်ပြည်တို့၌ သတင်းကြားကြလော့။ ယေရုရှလင်မြို့ကိုရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များတစ်ဖက်၌ ထူးကြလိမ့်မည်။
Burmese JBZV
အျပည္ျပည္တို႔၌ သတင္းၾကားၾကေလာ့။ ေယ႐ုရွလင္ၿမိဳ႕ကိုရည္မွတ္၍ ေႂကြးေၾကာ္ၾကေလာ့။ ကင္းေစာင့္တို႔သည္ ေဝးေသာျပည္က လာ၍၊ ယုဒၿမိဳ႕မ်ားတစ္ဖက္၌ ထူးၾကလိမ့္မည္။
Burmese MCLZV
သူတို႔သည္ရပ္ေဝးေဒသမွရန္သူမ်ားခ်ီ တက္လာေနေၾကာင္းလူမ်ိဳးတကာတို႔အား သတိေပး၍ ေယ႐ုရွလင္ၿမိဳ႕ကိုၾကားေျပာ ၾကေလသည္။ ရန္သူတို႔သည္ယုဒၿမိဳ႕မ်ား အားႀကိမ္းေမာင္းသံျပဳၾကလိမ့္မည္။-
Burmese MSBU
“လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ငြာသံပေးကြပြီ။
Burmese MSBZ
“လူမ်ိဳးတကာတို႔အား အသိေပးေလာ့။ ေဂ်႐ုဆလင္ၿမိဳ႕ကို ၾကားသိေစေလာ့။ ၿမိဳ႕ကိုဝိုင္းထားမည့္သူတို႔သည္ ေဝးေသာျပည္မွလာေနၿပီ။ ယုဒျပည္ရွိၿမိဳ႕မ်ားကို စစ္ညာသံေပးၾကၿပီ။