Jeremiah 40:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဤ​အ​တော​အ​တွင်း​၌​ဗာ​ဗု​လုန်​ဘု​ရင်​သည် ဣသ​ရေ​လ​အ​မျိုး​သား​အ​ချို့​ကို ယု​ဒ​ပြည် တွင်​နေ​ထိုင်​ခွင့်​ပြု​၍​ရှာ​ဖန်​၏​မြေး၊ အ​ဟိ​ကံ ၏​သား​ဂေ​ဒ​လိ​ကို​ဘု​ရင်​ခံ​အဖြစ်​ခန့်​ထား တော်​မူ​ကြောင်း​မော​ဘ​ပြည်၊ အမ္မုန်​ပြည်၊ ဧ​ဒုံ ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​ရှိ​ဟေ​ဗြဲ အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ​လေ သည်။-
Burmese 1835 Version Judson
ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
Burmese 1928
ထို နည်း တူ မော ဘ ပြည်၊ အ မ္မုန် အ မျိုး သား တို့ ပြည်၊ ဧ ဒုံ ပြည် မှ စ သော ပြည် ထောင် တ ကာ ရှိ ယု ဒ လူ မျိုး အ ပေါင်း တို့ လည်း ယုဒ ပြည် ၌ အ ကြွင်း အ ကျန် တို့ ကို ဗာ ဗု လုန် ဘု ရင် ထား ခဲ့၍၊ ၎င်း တို့ အ ပေါ် တွင် ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို ခန့် ထား ကြောင်း ကြား သိ လျှင်၊
Burmese 2021
ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ယု​ဒ​ပြည်၌ လူ​အ​ချို့​တို့​ကို​ကျန်​ကြွင်း​စေ၍၊ ရှာ​ဖန်၏​သား​ဖြစ်​သော အ​ဟိ​ကံ၏​သား​ဂေ​ဒ​လိ​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြောင်း​ကို၊ မော​ဘ​ပြည်၊ အ​မ္မုန်​ပြည်၊ ဧ​ဒုံ​ပြည်​အ​စ​ရှိ​သော အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊
Burmese JBZV
ဗာ​ဗု​လုန္​ရွင္​ဘု​ရင္​သည္ ယု​ဒ​ျပည္၌ လူ​အ​ခ်ိဳ႕​တို႔​ကို​က်န္​ႂကြင္း​ေစ၍၊ ရွာ​ဖန္၏​သား​ျဖစ္​ေသာ အ​ဟိ​ကံ၏​သား​ေဂ​ဒ​လိ​ကို မင္း​အ​ရာ၌ ခန္႔​ထား​ေၾကာင္း​ကို၊ ေမာ​ဘ​ျပည္၊ အ​မၼဳန္​ျပည္၊ ဧ​ဒုံ​ျပည္​အ​စ​ရွိ​ေသာ အ​တိုင္း​တိုင္း အ​ျပည္​ျပည္​တို႔၌​ရွိ​ေသာ ယု​ဒ​လူ​အ​ေပါင္း​တို႔​သည္ ၾကား​သိ​ၾက​ေသာ​အ​ခါ၊
Burmese MCLZV
ဤ​အ​ေတာ​အ​တြင္း​၌​ဗာ​ဗု​လုန္​ဘု​ရင္​သည္ ဣသ​ေရ​လ​အ​မ်ိဳး​သား​အ​ခ်ိဳ႕​ကို ယု​ဒ​ျပည္ တြင္​ေန​ထိုင္​ခြင့္​ျပဳ​၍​ရွာ​ဖန္​၏​ေျမး၊ အ​ဟိ​ကံ ၏​သား​ေဂ​ဒ​လိ​ကို​ဘု​ရင္​ခံ​အျဖစ္​ခန႔္​ထား ေတာ္​မူ​ေၾကာင္း​ေမာ​ဘ​ျပည္၊ အမၼဳန္​ျပည္၊ ဧ​ဒုံ ျပည္​ႏွင့္​အ​ျခား​တိုင္း​ျပည္​မ်ား​ရွိ​ေဟ​ျဗဲ အ​မ်ိဳး​သား​အ​ေပါင္း​တို႔​ၾကား​သိ​ၾက​ေလ သည္။-
Burmese MSBU
ဘေဘီလုံ​ဘုရင်​သည် လူ​အချို့​ကို ယုဒ​ပြည်​၌ ချန်​ထားခဲ့​၍ ထို​သူ​တို့​ကို​အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​အား ခန့်ထား​ကြောင်း​ကို မောဘ​ပြည်​၊ အမ္မုန်​အမျိုးသား​တို့​ပြည်​၊ ဧဒုံ​ပြည်​မှစ၍ အပြည်ပြည်​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့ ကြားသိ​သောအခါ
Burmese MSBZ
ေဘဘီလုံ​ဘုရင္​သည္ လူ​အခ်ိဳ႕​ကို ယုဒ​ျပည္​၌ ခ်န္​ထားခဲ့​၍ ထို​သူ​တို႔​ကို​အုပ္စိုး​ရန္ ရွာဖန္​၏​ေျမး​၊ အဟိကံ​၏​သား ေဂဒလိ​အား ခန႔္ထား​ေၾကာင္း​ကို ေမာဘ​ျပည္​၊ အမၼဳန္​အမ်ိဳးသား​တို႔​ျပည္​၊ ဧဒုံ​ျပည္​မွစ၍ အျပည္ျပည္​အရပ္ရပ္​ရွိ ဂ်ဴး​လူမ်ိဳး​အေပါင္း​တို႔ ၾကားသိ​ေသာအခါ