Jeremiah 40:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယု​ဒ​တပ်​မ​တော်​အ​ရာ​ရှိ​အ​ချို့​နှင့်​စစ်​သူ​ရဲ အ​ချို့​တို့​သည်​လက်​နက်​မ​ချ​ခဲ့​ကြ​ချေ။ သူ တို့​သည်​အ​ဟိ​ကံ​၏​သား​ဂေ​ဒ​လိ​ကို​ဗာ​ဗု လုန်​ဘု​ရင်​ခံ​အ​ဖြစ်​ခန့်​ထား​ပြီး​လျှင် ဗာ​ဗု​လုန် မြို့​သို့​သုံ့​ပန်း​အ​ဖြစ်​ခေါ်​ဆောင်​ခြင်း​မ​ခံ​ရ​ကြ သူ​တို့​အား​အုပ်​စိုး​စေ​တော်​မူ​ကြောင်း​ကြား​သိ ကြ​၏။ ဤ​သူ​တို့​ကား​တိုင်း​ပြည်​တွင်​အ​ဆင်း​ရဲ ဆုံး​သော​သူ​များ​ဖြစ်​သ​တည်း။-
Burmese 1835 Version Judson
ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
Burmese 1928
တော ပုန်း တပ် မှူး ဖြစ် သူ၊ နာသ နိ သား ဣ ရှ မေ လ၊ ကာ ရာ့ သား ယော ဟ နန် နှင့် ယော န သန်၊ တာ နု မက် သား စ ရာ ယ၊ နေ တော ဖတ် မြို့ နေ ဧ ဖဲ သား များ နှင့် မာ ခ မြို့ သား ယေ ဇ နိ တို့ သည်၊ ကိုယ့် ပြည် ပေါ် တွင် လည်း‌ ကောင်း၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား မ ခံ ရ သူ ယောက်ျား၊ မိန်း မ၊ သူ ငယ် များ၊ ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ အ ပေါ် တွင် လည်း‌ ကောင်း၊ အ ဟိ ကံ့ သား ဂေ ဒ လိ ကို၊ ဗာ ဗု လုန် ဘု ရင် ခန့် ထား ခဲ့ ကြောင်း ကြား သိ လျှင်၊ အ ပေါင်း ပါ တို့ နှင့် တ ကွ၊ မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ လာ ရောက် ကြ ရာ၊
Burmese 2021
ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် အ​ဟိ​ကံ​သား​ဂေ​ဒ​လိ​ကို ပြည်​အုပ်​အ​ရာ၌​ခန့်​ထား၍၊ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​ယူ​ရာ၌​မ​ပါ​သော ယောက်ျား​မိန်း​မ သူ​ငယ်​ဆင်း​ရဲ​သား အ​ချို့​တို့​ကို သူ၌​အပ်​ကြောင်း​ကို၊ တော​မှာ​ရှိ​သော တပ်​မှူး​တို့​နှင့် စစ်​သူ​ရဲ​များ​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊
Burmese JBZV
ဗာ​ဗု​လုန္​ရွင္​ဘု​ရင္​သည္ အ​ဟိ​ကံ​သား​ေဂ​ဒ​လိ​ကို ျပည္​အုပ္​အ​ရာ၌​ခန္႔​ထား၍၊ ဗာ​ဗု​လုန္​ၿမိဳ႕​သို႔ သိမ္း​ယူ​ရာ၌​မ​ပါ​ေသာ ေယာက္်ား​မိန္း​မ သူ​ငယ္​ဆင္း​ရဲ​သား အ​ခ်ိဳ႕​တို႔​ကို သူ၌​အပ္​ေၾကာင္း​ကို၊ ေတာ​မွာ​ရွိ​ေသာ တပ္​မွူး​တို႔​ႏွင့္ စစ္​သူ​ရဲ​မ်ား​တို႔​သည္ ၾကား​သိ​ၾက​ေသာ​အ​ခါ၊
Burmese MCLZV
ယု​ဒ​တပ္​မ​ေတာ္​အ​ရာ​ရွိ​အ​ခ်ိဳ႕​ႏွင့္​စစ္​သူ​ရဲ အ​ခ်ိဳ႕​တို႔​သည္​လက္​နက္​မ​ခ်​ခဲ့​ၾက​ေခ်။ သူ တို႔​သည္​အ​ဟိ​ကံ​၏​သား​ေဂ​ဒ​လိ​ကို​ဗာ​ဗု လုန္​ဘု​ရင္​ခံ​အ​ျဖစ္​ခန႔္​ထား​ၿပီး​လၽွင္ ဗာ​ဗု​လုန္ ၿမိဳ႕​သို႔​သုံ႔​ပန္း​အ​ျဖစ္​ေခၚ​ေဆာင္​ျခင္း​မ​ခံ​ရ​ၾက သူ​တို႔​အား​အုပ္​စိုး​ေစ​ေတာ္​မူ​ေၾကာင္း​ၾကား​သိ ၾက​၏။ ဤ​သူ​တို႔​ကား​တိုင္း​ျပည္​တြင္​အ​ဆင္း​ရဲ ဆုံး​ေသာ​သူ​မ်ား​ျဖစ္​သ​တည္း။-
Burmese MSBU
ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ
Burmese MSBZ
ေဘဘီလုံ​ၿမိဳ႕​သို႔ ဖမ္းေခၚ​သြား​ျခင္း​မ​ခံရ​ေသာ ဆင္းရဲသား​ျပည္သား​မ်ား​ျဖစ္​သည့္ ေယာက္်ား​၊ မိန္းမ​၊ ကေလး​တို႔​ကို အုပ္စိုး​ရန္ ေဘဘီလုံ​ဘုရင္​သည္ အဟိကံ​၏​သား​ေဂဒလိ​ကို ခန႔္ထား​ေၾကာင္း ေတာ​ထဲ၌​ခို​ေန​ေသာ စစ္သည္​အႀကီးအကဲ​အေပါင္း​တို႔ ၾကားသိ​ေသာအခါ