Jeremiah 41:8 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ထိုလူစုအနက်လူဆယ်ယောက် က``အကျွန်ုပ်တို့အားမသတ်ပါနှင့်။ အကျွန်ုပ် တို့မှာလယ်ကွက်များတွင်ဝှက်ထားသည့်ဂျုံ၊ မုယော၊ သံလွင်ဆီနှင့်ပျားရည်များရှိပါ သည်'' ဟုပြောသဖြင့်ဣရှမေလသည်သူ တို့အားမသတ်ဘဲအသက်ချမ်းသာခွင့် ပေးလေသည်။-
Burmese 1835 Version Judson
ထိုသူတို့တွင်ပါသော လူတကျိပ်တို့က၊ အကျွန်ုပ် တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်း ဟူသောဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည်တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကိုသူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
Burmese 1928
သို့ ရာ တွင်၊ ထို သူ တို့ အ နက်၊ ကျွန် တော် တို့ သည်၊ တော အ ရပ်၌ ဂျုံ၊ မု ရော၊ ဆီ၊ ပျား ရည် များ ကို သို ထား ပါ ပြီ။ သတ် တော် မ မူ ပါ လင့် ဟု၊ ဣ ရှ မေ လ အား တောင်း ပန် ကြ သော လူ တစ် ကျိပ် တို့ ကို၊ ဆွေ မျိုး သား ချင်း တို့ နှင့် တ ကွ မ သတ် ဘဲ၊ ချမ်း သာ ပေး လေ၏။
Burmese 2021
ထိုသူတို့တွင်ပါသော လူတစ်ကျိပ်တို့က၊ အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်းဟူသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည် တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကို သူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
Burmese JBZV
ထိုသူတို႔တြင္ပါေသာ လူတစ္က်ိပ္တို႔က၊ အကၽြန္ုပ္တို႔ကို မသတ္ပါႏွင့္။ အကၽြန္ုပ္တို႔သိုထားေသာ ဥစၥာတည္းဟူေသာ ဂ်ဳံ၊ မုေယာ၊ ဆီ၊ ပ်ားရည္သည္ ေတာ၌ရွိပါ၏ဟု၊ ဣရွေမလအားေျပာဆိုေသာေၾကာင့္၊ ထိုသူတို႔ကို သူတို႔ ညီအစ္ကိုမ်ားႏွင့္အတူ မသတ္ဘဲေန၏။
Burmese MCLZV
သို႔ရာတြင္ထိုလူစုအနက္လူဆယ္ေယာက္ က``အကၽြန္ုပ္တို႔အားမသတ္ပါႏွင့္။ အကၽြန္ုပ္ တို႔မွာလယ္ကြက္မ်ားတြင္ဝွက္ထားသည့္ဂ်ဳံ၊ မုေယာ၊ သံလြင္ဆီႏွင့္ပ်ားရည္မ်ားရွိပါ သည္'' ဟုေျပာသျဖင့္ဣရွေမလသည္သူ တို႔အားမသတ္ဘဲအသက္ခ်မ္းသာခြင့္ ေပးေလသည္။-
Burmese MSBU
ထိုအခါ ထိုသူတို့ထဲမှလူဆယ်ယောက်တို့က “အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့မှာ တော၌ဝှက်ထားသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်တို့ ရှိပါသည်”ဟု ဣရှမေလအားဆိုသောကြောင့် သူတို့ကို သူတို့အဖော်တို့နှင့်အတူ မသတ်ဘဲ ထားခဲ့လေ၏။
Burmese MSBZ
ထိုအခါ ထိုသူတို႔ထဲမွလူဆယ္ေယာက္တို႔က “အကြၽႏ္ုပ္တို႔ကို မသတ္ပါႏွင့္။ အကြၽႏ္ုပ္တို႔မွာ ေတာ၌ဝွက္ထားေသာ ဂ်ဳံ၊ မုေယာ၊ ဆီ၊ ပ်ားရည္တို႔ ရွိပါသည္”ဟု ဣရွေမလအားဆိုေသာေၾကာင့္ သူတို႔ကို သူတို႔အေဖာ္တို႔ႏွင့္အတူ မသတ္ဘဲ ထားခဲ့ေလ၏။