Jeremiah 43:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
Burmese 1835 Version Judson
ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
Burmese 1928
ထို မင်း သည် ရောက် လာ၍၊ ဤ ကျောက် ပြား ထက်၊ နေ ရာ တော် ခင်း လျက်၊ သေ ဘေး ခံ သင့် သူ တို့ ကို သေ ခြင်း သို့ လည်း ကောင်း၊ သုံ့ ပန်း ဘေး ခံ သင့် သူ တို့ ကို သုံ့ ပန်း ခြင်း သို့ လည်း ကောင်း၊ ဓား ဘေး ခံ သင့် သူ တို့ ကို လုပ် ကြံ ခြင်း သို့ လည်း ကောင်း၊ အပ် သ ဖြင့်၊ အိ ဂျစ် ပြည် ကို ဒဏ် ခတ် လိမ့် မည်။
Burmese 2021
ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကိုလုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်လိမ့်မည်။
Burmese JBZV
ထိုမင္းသည္ ေရာက္လာေသာအခါ၊ အဲဂုတၱဳျပည္ကိုလုပ္ႀကံ၍၊ ေသတန္ေသာသူတို႔ကို ေသျခင္းသို႔လည္းေကာင္း၊ သိမ္းသြားခ်ဳပ္ထားတန္ေသာ သူတို႔ကို သိမ္းသြားခ်ဳပ္ထားျခင္းသို႔လည္းေကာင္း၊ ကြပ္မ်က္တန္ေသာသူတို႔ကို ကြပ္မ်က္ျခင္းသို႔လည္းေကာင္း အပ္လိမ့္မည္။
Burmese MCLZV
ေနဗုခဒ္ေနဇာသည္လာ၍အီဂ်စ္ျပည္ကို ႏွိမ္နင္းေအာင္ျမင္လိမ့္မည္။ သူသည္အနာ ေရာဂါေဘးျဖင့္ေသရၾကမည့္သူတို႔အား အနာေရာဂါေဘးျဖင့္ေသေစလိမ့္မည္။ သုံ႔ ပန္းမ်ားအျဖစ္ႏွင့္ေခၚေဆာင္ျခင္းခံရၾက မည့္သူတို႔အားသုံ႔ပန္းမ်ားအျဖစ္ေခၚေဆာင္ သြားလိမ့္မည္။ စစ္ပြဲတြင္က်ဆုံးရၾကမည့္ သူတို႔အားစစ္ပြဲတြင္က်ဆုံးေစလိမ့္မည္။-
Burmese MSBU
သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။
Burmese MSBZ
သူသည္ ေရာက္လာ၍ အီဂ်စ္ျပည္ကို တိုက္ခိုက္လိမ့္မည္။ ေသေဘးသင့္ေသာသူတို႔အား ေသျခင္းသို႔လည္းေကာင္း၊ ဖမ္းေခၚသြားျခင္းေဘးသင့္ေသာသူတို႔အား ဖမ္းေခၚသြားျခင္းသို႔လည္းေကာင္း၊ ဓားေဘးသင့္ေသာသူတို႔အား ဓားေဘးသို႔လည္းေကာင္း အပ္လိမ့္မည္။