Jeremiah 44:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``ယေရု ရှလင်မြို့နှင့်အခြားယုဒမြို့တို့အားငါ အဘယ်သို့ကပ်သင့်စေသည်ကို သင်တို့ကိုယ် တိုင်တွေ့မြင်ခဲ့ရလေပြီ။ ထိုမြို့များသည် ယခုတိုင်အောင်ပင်ယိုယွင်းပျက်စီးကာ လူသူဆိတ်ငြိမ်လျက်ရှိကြ၏။-
Burmese 1835 Version Judson
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယေရု ရှလင်မြို့အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
Burmese 1928
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ ယေ ရု ရှ လင် မြို့ မှ စ သော ယု ဒ ပြည် မြို့ ရွာ တိုင်း အ ပေါ်၌၊ ငါ သင့် ရောက် စေ သည့် ဘေး ကို၊ သင် တို့ မြင် ရ ကြ ပြီ။ ဘိုး ဘေး တို့ မှ စ၍၊ အ ဆက် ဆက် မ သိ ဘူး သော အ ခြား ဘု ရား များ အား၊ မီး ဖြင့် ပူ ဇော် ဝတ် ပြု ရန် လှည့် သွား ၍၊ အ မျက် တော် တိုက် အ ဆိုး ပြု ကြ သည့် အ တွက်၊ ထို မြို့ ရွာ များ သည်၊ နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ယ ခု ဖြစ် ရှာ လေ စွ။
Burmese 2021
ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့ အစရှိသော ယုဒမြို့ရွာ အရပ်ရပ်တို့အပေါ်သို့ ငါရောက်စေသောဘေးဒဏ်ကို သင်တို့သည် မြင်ကြပြီ။
Burmese JBZV
ဣသေရလအမ်ိဳး၏ဘုရားသခင္၊ ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ ေယ႐ုရွလင္ၿမိဳ႕ အစရွိေသာ ယုဒၿမိဳ႕ရြာ အရပ္ရပ္တို႔အေပၚသို႔ ငါေရာက္ေစေသာေဘးဒဏ္ကို သင္တို႔သည္ ျမင္ၾကၿပီ။
Burmese MCLZV
ဣသေရလအမ်ိဳးသားတို႔၏ဘုရားသခင္ အနႏၲတန္ခိုးရွင္ထာဝရဘုရားက``ေယ႐ု ရွလင္ၿမိဳ႕ႏွင့္အျခားယုဒၿမိဳ႕တို႔အားငါ အဘယ္သို႔ကပ္သင့္ေစသည္ကို သင္တို႔ကိုယ္ တိုင္ေတြ႕ျမင္ခဲ့ရေလၿပီ။ ထိုၿမိဳ႕မ်ားသည္ ယခုတိုင္ေအာင္ပင္ယိုယြင္းပ်က္စီးကာ လူသူဆိတ္ၿငိမ္လ်က္ရွိၾက၏။-
Burmese MSBU
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာအားလုံးအပေါ် ငါကျရောက်စေသည့် ဘေးအန္တရာယ်အလုံးစုံကို သင်တို့တွေ့မြင်ခဲ့ကြပြီ။ ယခု ထိုမြို့ရွာတို့သည် ပြိုပျက်ရာဖြစ်၍ နေထိုင်သူပင် မရှိတော့ပေ။
Burmese MSBZ
“အစၥေရးလူမ်ိဳး၏ဘုရားသခင္ ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားက ‘ေဂ်႐ုဆလင္ၿမိဳ႕မွစ၍ ယုဒၿမိဳ႕႐ြာအားလုံးအေပၚ ငါက်ေရာက္ေစသည့္ ေဘးအႏၲရာယ္အလုံးစုံကို သင္တို႔ေတြ႕ျမင္ခဲ့ၾကၿပီ။ ယခု ထိုၿမိဳ႕႐ြာတို႔သည္ ၿပိဳပ်က္ရာျဖစ္၍ ေနထိုင္သူပင္ မရွိေတာ့ေပ။