Jeremiah 44:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့သည်အခြားဘုရားများကိုယဇ် ပူဇော်ကာအမိန့်တော်များကိုမနာခံ သောကြောင့် ထာဝရဘုရားအားပြစ်မှား ကြသည်ဖြစ်၍ ယခုအခါဤကဲ့သို့ ပင်ကပ်သင့်ခဲ့ရကြပေသည်''ဟုဆို၏။
Burmese 1835 Version Judson
သင်ကိုသည် နံ့သာအပေါင်းကို မီးရှို့၍ ထာဝရ ဘုရားကိုပြစ်မှားသောကြောင့်၎င်း၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံ ချက်ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့် ၎င်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
Burmese 1928
ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သံ ကို နာ ခံ ခြင်း၊ ပ ညတ် တ ရား တော် နှင့် ထုံး ဖွဲ့ တော် မူ ချက်၊ သက် သေ ခံ တော် မူ ချက် များ အ တိုင်း လိုက် လျှောက် ခြင်း မ ပြု ဘဲ၊ မီး ဖြင့် ပူ ဇော်၍၊ ထာ ဝ ရ ဘု ရား အား ပြစ် မှား ကြ သော ကြောင့်၊ ယ နေ့ သင့် သော ဘေး သည် ရောက် လေ ပြီ ဟု ဆို ၏။
Burmese 2021
သင်တို့သည် နံ့သာအပေါင်းကိုမီးရှို့၍ ထာဝရဘုရားကို ပြစ်မှားသောကြောင့်လည်းကောင်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်၊ ထုံးဖွဲ့ချက်၊ သက်သေခံချက် ပညတ်တရားတော်လမ်းသို့ မလိုက်သောကြောင့်လည်းကောင်း၊ ဤဘေးသည် ယနေ့၌ရှိသည်အတိုင်း၊ သင်တို့၌ ရောက်လေပြီတကားဟု ပြောဆို၏။
Burmese JBZV
သင္တို႔သည္ နံ့သာအေပါင္းကိုမီးရွို႔၍ ထာဝရဘုရားကို ျပစ္မွားေသာေၾကာင့္လည္းေကာင္း၊ ထာဝရဘုရား၏အမိန္႔ေတာ္ကို နားမေထာင္၊ ထုံးဖြဲ႕ခ်က္၊ သက္ေသခံခ်က္ ပညတ္တရားေတာ္လမ္းသို႔ မလိုက္ေသာေၾကာင့္လည္းေကာင္း၊ ဤေဘးသည္ ယေန႔၌ရွိသည္အတိုင္း၊ သင္တို႔၌ ေရာက္ေလၿပီတကားဟု ေျပာဆို၏။
Burmese MCLZV
သင္တို႔သည္အျခားဘုရားမ်ားကိုယဇ္ ပူေဇာ္ကာအမိန႔္ေတာ္မ်ားကိုမနာခံ ေသာေၾကာင့္ ထာဝရဘုရားအားျပစ္မွား ၾကသည္ျဖစ္၍ ယခုအခါဤကဲ့သို႔ ပင္ကပ္သင့္ခဲ့ရၾကေပသည္''ဟုဆို၏။
Burmese MSBU
သင်တို့သည် နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် ထာဝရဘုရားကိုပြစ်မှားကြ၏။ ထာဝရဘုရား၏စကားတော်ကို နားမထောင်ကြ။ ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ သွန်သင်ချက်အတိုင်း မလိုက်လျှောက်ကြ။ ထို့ကြောင့် ယခုကဲ့သို့ ဤဘေးအန္တရာယ်သည် သင်တို့အပေါ် ကျရောက်လေပြီ”ဟု ဆို၏။
Burmese MSBZ
သင္တို႔သည္ နံ႔သာေပါင္းမီးရႈိ႕ပူေဇာ္ျခင္းျဖင့္ ထာဝရဘုရားကိုျပစ္မွားၾက၏။ ထာဝရဘုရား၏စကားေတာ္ကို နားမေထာင္ၾက။ ထာဝရဘုရား၏ပညတ္ခ်က္၊ ျပ႒ာန္းခ်က္၊ သြန္သင္ခ်က္အတိုင္း မလိုက္ေလွ်ာက္ၾက။ ထို႔ေၾကာင့္ ယခုကဲ့သို႔ ဤေဘးအႏၲရာယ္သည္ သင္တို႔အေပၚ က်ေရာက္ေလၿပီ”ဟု ဆို၏။