Jeremiah 44:3 — Compare Translations

7 translations compared side by side

Burmese (BCL) (Common Language Bible)
ယင်း​သို့​ငါ​ဖြစ်​စေ​ရ​သည့်​အ​ကြောင်း​မှာ​ထို မြို့​တို့​မှ​မြို့​သူ​မြို့​သား​များ​သည်​မ​ကောင်း မှု​များ​ကို​ပြု​၍ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ကြ လျက် သူ​တို့​ကိုယ်​တိုင်​သင်​တို့​နှင့်​သင်​တို့ ဘိုး​ဘေး​များ​အ​ဘယ်​အ​ခါ​က​မျှ​ရှိ မ​ခိုး​ဝတ်​မ​ပြု​ခဲ့​သည့်​ဘု​ရား​များ​ကို ရှိ​ခိုး​ဝတ်​ပြု​ကြ​၏။-
Burmese 1835 Version Judson
ကြည့်ရှုကြလော့။ ယနေ့မှာ ထိုမြို့ရွာတို့သည်၊ နေသောသူမရှိ၊ လူဆိတ်ညံသောအရပ်ဖြစ်ကြ၏။ အကြောင်းမူကား၊ အရင်နေသောသူတို့သည် ကိုယ်တိုင် မသိ၊ ဘိုးဘေးတို့မသိ၊ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့၍ဝတ်ပြုသဖြင့်၊ ငါ၏အမျက်တော်ကို နှိုးဆော်ခြင်းငှါ ပြုကြသောဒုစရိုက်ကြောင့် ဤအမှု ရောက်သတည်း။
Burmese 2021
ကြည့်​ရှု​ကြ​လော့။ ယ​နေ့​မှာ ထို​မြို့​ရွာ​တို့​သည်၊ နေ​သော​သူ​မ​ရှိ၊ လူ​ဆိတ်​ညံ​သော​အ​ရပ် ဖြစ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ရင်​နေ​သော​သူ​တို့​သည် ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​တို့​မ​သိ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ ဝတ်​ပြု​သ​ဖြင့်၊ ငါ၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ပြု​ကြ​သော​ဒု​စ​ရိုက်​ကြောင့် ဤ​အ​မှု​ရောက်​သ​တည်း။
Burmese JBZV
ၾကည့္​ရွု​ၾက​ေလာ့။ ယ​ေန႔​မွာ ထို​ၿမိဳ႕​ရြာ​တို႔​သည္၊ ေန​ေသာ​သူ​မ​ရွိ၊ လူ​ဆိတ္​ညံ​ေသာ​အ​ရပ္ ျဖစ္​ၾက၏။ အ​ေၾကာင္း​မူ​ကား၊ အ​ရင္​ေန​ေသာ​သူ​တို႔​သည္ ကိုယ္​တိုင္​မ​သိ၊ ဘိုး​ေဘး​တို႔​မ​သိ၊ အ​ျခား​တစ္​ပါး​ေသာ ဘု​ရား​တို႔​အား နံ့​သာ​ေပါင္း​ကို​မီး​ရွို႔၍ ဝတ္​ျပဳ​သ​ျဖင့္၊ ငါ၏​အ​မ်က္​ေတာ္​ကို ႏွိုး​ေဆာ္​ျခင္း​ငွာ ျပဳ​ၾက​ေသာ​ဒု​စ​ရိုက္​ေၾကာင့္ ဤ​အ​မွု​ေရာက္​သ​တည္း။
Burmese MCLZV
ယင္း​သို႔​ငါ​ျဖစ္​ေစ​ရ​သည့္​အ​ေၾကာင္း​မွာ​ထို ၿမိဳ႕​တို႔​မွ​ၿမိဳ႕​သူ​ၿမိဳ႕​သား​မ်ား​သည္​မ​ေကာင္း မွု​မ်ား​ကို​ျပဳ​၍ ငါ​၏​အ​မ်က္​ေတာ္​ကို​လွုံ႔ ေဆာ္​ၾက​ေသာ​ေၾကာင့္​ျဖစ္​၏။ သူ​တို႔​သည္ အ​ျခား​ဘု​ရား​မ်ား​ကို​ယဇ္​ပူ​ေဇာ္​ၾက လ်က္ သူ​တို႔​ကိုယ္​တိုင္​သင္​တို႔​ႏွင့္​သင္​တို႔ ဘိုး​ေဘး​မ်ား​အ​ဘယ္​အ​ခါ​က​မၽွ​ရွိ မ​ခိုး​ဝတ္​မ​ျပဳ​ခဲ့​သည့္​ဘု​ရား​မ်ား​ကို ရွိ​ခိုး​ဝတ္​ျပဳ​ၾက​၏။-
Burmese MSBU
အကြောင်းမူကား ထို​မြို့သူမြို့သား​တို့​သည် သူတို့ကိုယ်တိုင်​မ​သိ​၊ သင်​တို့​လည်း​မ​သိ​၊ သင်​တို့​ဘိုးဘေး​လည်း​မ​သိ​သော အခြား​ဘုရား​များ​အား နံ့သာပေါင်း​မီးရှို့ပူဇော်​ကြ​၏​၊ ဝတ်ပြု​ကြ​၏​။ ထိုသို့သော မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် ငါ့​အမျက်​ကို နှိုးဆော်​ကြ​၏​။
Burmese MSBZ
အေၾကာင္းမူကား ထို​ၿမိဳ႕သူၿမိဳ႕သား​တို႔​သည္ သူတို႔ကိုယ္တိုင္​မ​သိ​၊ သင္​တို႔​လည္း​မ​သိ​၊ သင္​တို႔​ဘိုးေဘး​လည္း​မ​သိ​ေသာ အျခား​ဘုရား​မ်ား​အား နံ႔သာေပါင္း​မီးရႈိ႕ပူေဇာ္​ၾက​၏​၊ ဝတ္ျပဳ​ၾက​၏​။ ထိုသို႔ေသာ မေကာင္းမႈ​ကို​ျပဳ​ျခင္း​ျဖင့္ ငါ့​အမ်က္​ကို ႏႈိးေဆာ္​ၾက​၏​။