Jeremiah 44:8 — Compare Translations
5 translations compared side by side
Burmese (BCL) (Common Language Bible)
သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
Burmese 1835 Version Judson
ထာဝရဘုရားမိန့်တော် မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ်ပယ်ဖြတ်လို သောငှါ၎င်း၊ မြေကြီးပေါ်မှာလူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ ကျိန်ဆဲရာဖြစ်လိုသောငှါ၎င်း၊ သွား၍နေသောအဲဂုတ္တု ပြည်၌ အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကို နှိုးဆော်သဖြင့်၊ သင်တို့တွင် တယောက်မျှမကြွင်း၊ ယုဒ အမျိုးယောက်ျားမိန်းမ၊ သူငယ်စို့နို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ် စိတ်ဝိညာဉ်တဘက်၌ အဘယ်ကြောင့် ပြုကြသနည်း။
Burmese MCLZV
သင္တို႔ေနထိုင္ရန္လာေရာက္သည့္ဤအီဂ်စ္ ျပည္တြင္ သင္တို႔သည္႐ုပ္တုမ်ားအားျဖင့္ လည္းေကာင္း၊ အျခားဘုရားမ်ားကိုဝတ္ျပဳ ရွိခိုးျခင္းအားျဖင့္လည္းေကာင္း အဘယ္ ေၾကာင့္ငါ၏အမ်က္ေတာ္ကိုလွုံ႔ေဆာ္ၾက သနည္း။ သင္တို႔သည္မိမိတို႔ကိုယ္တိုင္ဆုံး ပါးပ်က္စီးေစ၍ကမၻာေျမေပၚရွိလူမ်ိဳး တကာတို႔ကဲ့ရဲ့စရာ၊ ျပက္ရယ္ျပဳစရာ ျဖစ္လာၾကလိမ့္မည္။-
Burmese MSBU
သင်တို့သွားရောက်နေထိုင်ရာအီဂျစ်ပြည်၌ သင်တို့လက်နှင့်လုပ်သောအရာများဖြစ်သည့် အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းဖြင့် အဘယ်ကြောင့် ငါ့အမျက်ကို နှိုးဆော်ကြသနည်း။ ယခုမှာမူ သင်တို့သည် ပျက်စီး၍ မြေကြီးပေါ်ရှိလူမျိုးတကာတို့တွင် ကဲ့ရဲ့ပြစ်တင်စရာ၊ ကျိန်ဆဲစရာ ဖြစ်ရလေပြီ။
Burmese MSBZ
သင္တို႔သြားေရာက္ေနထိုင္ရာအီဂ်စ္ျပည္၌ သင္တို႔လက္ႏွင့္လုပ္ေသာအရာမ်ားျဖစ္သည့္ အျခားဘုရားမ်ားအား နံ႔သာေပါင္းမီးရႈိ႕ပူေဇာ္ျခင္းျဖင့္ အဘယ္ေၾကာင့္ ငါ့အမ်က္ကို ႏႈိးေဆာ္ၾကသနည္း။ ယခုမွာမူ သင္တို႔သည္ ပ်က္စီး၍ ေျမႀကီးေပၚရွိလူမ်ိဳးတကာတို႔တြင္ ကဲ့ရဲ႕ျပစ္တင္စရာ၊ က်ိန္ဆဲစရာ ျဖစ္ရေလၿပီ။