Jeremiah 46:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊ သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။ သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''
Burmese 1835 Version Judson
သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
Burmese 1928
ပတ် ဝန်း ကျင် ရှိ ပြည် များ သည် ဓား စာ ဖြစ် သော ကြောင့်၊ ခင်း ကျင်း ၍ စွဲ ရပ် ကြ လော့ ဟု၊ အိ ဂျစ် ပြည် တွင် ကြော် ငြာ လျက်၊ မိ ဂ ဒေါ လ၊ နော ဖ၊ တာ ပ နက် မြို့ များ ၌ ကြား ပြော ကြ လော့။
Burmese 2021
သင့်ပတ်လည်၌ နေသောသူတို့ကို ဓားတော်သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ဟု အဲဂုတ္တုပြည်၌ ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
Burmese JBZV
သင့္ပတ္လည္၌ ေနေသာသူတို႔ကို ဓားေတာ္သည္ ကိုက္စားၿပီ။ ကိုယ္ကိုျပင္ဆင္၍ ျမဲၿမံစြာ ေနေလာ့ဟု အဲဂုတၱဳျပည္၌ ေႂကြးေၾကာ္ၾကေလာ့။ မိဂေဒါလၿမိဳ႕၌ သတင္းၾကားၾကေလာ့။ ေနာဖၿမိဳ႕၊ တာပနက္ၿမိဳ႕၌လည္း ၾကားေျပာၾကေလာ့။
Burmese MCLZV
``အီဂ်စ္ၿမိဳ႕မ်ားျဖစ္ေသာမိဂေဒါလ၊ေနာဖႏွင့္ တာပနက္ၿမိဳ႕တို႔အား၊ သင္တို႔သည္မိမိတို႔အတြက္ခုခံကာကြယ္ အသင့္ျပင္ဆင္ၾကေလာ့။ သင္တို႔တြင္ရွိသမၽွေသာအရာတို႔သည္ စစ္ပြဲတြင္ ဆုံးရွုံးပ်က္စီးလိမ့္မည္။''
Burmese MSBU
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
Burmese MSBZ
“ဓားသည္ သင့္ပတ္လည္ရွိျပည္တို႔ကို ဝါးမ်ိဳေလၿပီ။ သင္လည္း အသင့္ျပင္၊ ေနရာယူေလာ့”ဟု အီဂ်စ္ျပည္၌ေႂကြးေၾကာ္ေလာ့။ မိဂေဒါလၿမိဳ႕၌ ေၾကညာေလာ့။ မင္ဖစ္ၿမိဳ႕၊ တာပနက္ၿမိဳ႕၌ ေၾကညာေလာ့။