Jeremiah 46:21 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။ သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။
Burmese 1835 Version Judson
သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
Burmese 1928
ဘေး တွေ့ ရာ နေ့ ရက်၊ ဒဏ် သင့် ရာ ကာ လ ရောက် သ ဖြင့်၊ ကျွေး ထား သော နွား ပေါက် သ ဖွယ် အ ငှား စစ် သည် တို့ မ ခံ ရပ် ဘဲ၊ တစ် စု တည်း ဆုတ် လန် ထွက် ပြေး ကြ ရာ၊
Burmese 2021
သူ​ငှား​တို့​သည် သူ၏​အ​လယ်၌ ဆူ​အောင်​ကျွေး​သော နွား​ကဲ့​သို့​ဖြစ်​သော်​လည်း၊ ပျက်​စီး​ခြင်း​နေ့၊ ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​အ​ချိန် ရောက်​သော​ကြောင့်၊ သူ​တို့​သည် မ​ရပ်​မ​နေ၊ ကျော​ကို​လှည့်၍ တ​ညီ​တ​ညွတ်​တည်း ပြေး​သွား​ကြ၏။
Burmese JBZV
သူ​ငွား​တို႔​သည္ သူ၏​အ​လယ္၌ ဆူ​ေအာင္​ေကၽြး​ေသာ ႏြား​ကဲ့​သို႔​ျဖစ္​ေသာ္​လည္း၊ ပ်က္​စီး​ျခင္း​ေန႔၊ ဆုံး​မ​ျခင္း​ကို ခံ​ရ​ေသာ​အ​ခ်ိန္ ေရာက္​ေသာ​ေၾကာင့္၊ သူ​တို႔​သည္ မ​ရပ္​မ​ေန၊ ေက်ာ​ကို​လွည့္၍ တ​ညီ​တ​ညြတ္​တည္း ေျပး​သြား​ၾက၏။
Burmese MCLZV
အ​ငွား​စစ္​သည္​မ်ား​ပင္​လၽွင္​ႏြား​သ​ငယ္​မ်ား သ​ဖြယ္ ခို​ကိုး​ရာ​မဲ့​ျဖစ္​ၾက​၏။ သူ​တို႔​သည္​ခု​ခံ​တိုက္​ခိုက္​မွု​ကို​မ​ျပဳ​ဘဲ အား​လုံး​လွည့္​၍​ေျပး​ၾက​ေလ​သည္။ အ​ဘယ္​ေၾကာင့္​ဆို​ေသာ္​သူ​တို႔​ဆုံး​ပါး​ပ်က္​စီး ရ​မည့္​ေန႔၊ ကံ​ၾကမၼာ​ဆိုး​ၾကဳံ​ေတြ႕​ရ​မည့္​ေန႔​ရက္​ကာ​လ​သည္ က်​ေရာက္​လာ​ၿပီ​ျဖစ္​ေသာ​ေၾကာင့္​တည္း။
Burmese MSBU
အီဂျစ်​ပြည်​၏​ကြေးစားစစ်သည်​တို့​သည် ဆူဖြိုး​သော​နွားထီးပျို​ကဲ့သို့ ဖြစ်​သော်လည်း ဘေးဒုက္ခ​ရောက်​သော​အချိန်​၊ အပြစ်ဒဏ်​ပေး​ခံရ​သော​အချိန်​၌ ခံနိုင်ရည်​မ​ရှိ​။ အတူတကွ​နောက်လှည့်​ပြေး​ကြ​လေ​ပြီ​။
Burmese MSBZ
အီဂ်စ္​ျပည္​၏​ေၾကးစားစစ္သည္​တို႔​သည္ ဆူၿဖိဳး​ေသာ​ႏြားထီးပ်ိဳ​ကဲ့သို႔ ျဖစ္​ေသာ္လည္း ေဘးဒုကၡ​ေရာက္​ေသာ​အခ်ိန္​၊ အျပစ္ဒဏ္​ေပး​ခံရ​ေသာ​အခ်ိန္​၌ ခံႏိုင္ရည္​မ​ရွိ​။ အတူတကြ​ေနာက္လွည့္​ေျပး​ၾက​ေလ​ၿပီ​။