Jeremiah 46:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့သည်သစ်တောကိုခုတ်လှဲသကဲ့သို့ တိုက်ခိုက်ကြ၏။ သူတို့၏လူများသည်မရေမတွက်နိုင်အောင် များပြား၍ သူတို့၏စစ်သူရဲများသည်၊အရေအတွက် အားဖြင့် ကျိုင်းကောင်များထက်ပင်များပြားကြ၏။
Burmese 1835 Version Judson
ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Burmese 1928
ရေ တွက်၍ မ ရ သော ကျိုင်း အုပ် ထက် များ ပြား သည့် အ တိုင်း၊ မ ထွင် နိုင် သော ပိတ် ပေါင်း ကို ခုတ် လှဲ ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
Burmese 2021
ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင်များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Burmese JBZV
ထိုေတာသည္ အလြန္ရွုပ္ေသာ္လည္း၊ သူတို႔သည္ က်ိဳင္းေကာင္ထက္မက မေရတြက္နိုင္ေအာင္မ်ားေသာေၾကာင့္ ခုတ္လွဲၾကလိမ့္မည္ဟု ထာဝရဘုရား မိန္႔ေတာ္မူ၏။
Burmese MCLZV
သူတို႔သည္သစ္ေတာကိုခုတ္လွဲသကဲ့သို႔ တိုက္ခိုက္ၾက၏။ သူတို႔၏လူမ်ားသည္မေရမတြက္နိုင္ေအာင္ မ်ားျပား၍ သူတို႔၏စစ္သူရဲမ်ားသည္၊အေရအတြက္ အားျဖင့္ က်ိဳင္းေကာင္မ်ားထက္ပင္မ်ားျပားၾက၏။
Burmese MSBU
ထာဝရဘုရားက “သူတို့သည် မရေမတွက်နိုင်အောင် ကျိုင်းကောင်ကဲ့သို့များပြားသဖြင့် ပိန်းပိတ်နေသောအီဂျစ်တောအုပ်ကြီးကို ခုတ်လှဲပစ်ကြလိမ့်မည်။
Burmese MSBZ
ထာဝရဘုရားက “သူတို႔သည္ မေရမတြက္ႏိုင္ေအာင္ က်ိဳင္းေကာင္ကဲ့သို႔မ်ားျပားသျဖင့္ ပိန္းပိတ္ေနေသာအီဂ်စ္ေတာအုပ္ႀကီးကို ခုတ္လွဲပစ္ၾကလိမ့္မည္။