Jeremiah 46:9 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
မြင်း​များ​တို့​တက်​ကြ​လော့။ ရ​ထား​များ​တို့၊အ​ပြင်း​နှင်​ကြ​လော့။ ဒိုင်း​လွှား​ကိုင်​ဆောင်​သူ​ဆူ​ဒန်​ပြည်​သား​နှင့် လစ်​ဗျား​ပြည်​သား​တို့​လု​ဒ​ပြည်​သား​လေး သည်​တော် အ​စ​ရှိ​သည့် စစ်​သည်​တော်​တို့​ထွက်​သွား​ကြ​လော့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
Burmese 1835 Version Judson
မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
Burmese 1928
အို မြင်း တပ် တို့၊ ချီ တက် ကြ လော့။ အို ရ ထား တပ် တို့၊ ကြိမ်း မောင်း ကြ လော့။ ဒိုင်း လွှား ကိုင် ကု ရှ နှင့် ဖု တ လူ မျိုး၊ လေး ကိုင် တင် တတ် သော လု ဒိမ် လူ မျိုး တို့၏ သူ ရဲ ကောင်း များ ကို ချီ ထွက် ကြ စေ။
Burmese 2021
မြင်း​များ​တို့၊ တက်​ကြ​လော့။ ရ​ထား​များ​တို့၊ ဟုန်း​ဟုန်း​မြည်​ကြ​လော့။ သူ​ရဲ​များ​တည်း​ဟူ​သော၊ ဒိုင်း​လွှား​ကို ကိုင်​တတ်​သော ကု​ရှ​အ​မျိုး၊ ဖု​တ​အ​မျိုး​သား၊ လေး​ကို​ကိုင်၍ ပစ်​တတ်​သော လု​ဒိ​အ​မျိုး​သား​တို့​သည် ထွက်​သွား​ကြ​စေ။
Burmese JBZV
ျမင္း​မ်ား​တို႔၊ တက္​ၾက​ေလာ့။ ရ​ထား​မ်ား​တို႔၊ ဟုန္း​ဟုန္း​ျမည္​ၾက​ေလာ့။ သူ​ရဲ​မ်ား​တည္း​ဟူ​ေသာ၊ ဒိုင္း​လႊား​ကို ကိုင္​တတ္​ေသာ ကု​ရွ​အ​မ်ိဳး၊ ဖု​တ​အ​မ်ိဳး​သား၊ ေလး​ကို​ကိုင္၍ ပစ္​တတ္​ေသာ လု​ဒိ​အ​မ်ိဳး​သား​တို႔​သည္ ထြက္​သြား​ၾက​ေစ။
Burmese MCLZV
ျမင္း​မ်ား​တို႔​တက္​ၾက​ေလာ့။ ရ​ထား​မ်ား​တို႔၊အ​ျပင္း​ႏွင္​ၾက​ေလာ့။ ဒိုင္း​လႊား​ကိုင္​ေဆာင္​သူ​ဆူ​ဒန္​ျပည္​သား​ႏွင့္ လစ္​ဗ်ား​ျပည္​သား​တို႔​လု​ဒ​ျပည္​သား​ေလး သည္​ေတာ္ အ​စ​ရွိ​သည့္ စစ္​သည္​ေတာ္​တို႔​ထြက္​သြား​ၾက​ေလာ့' ဟု​ဆို​၏'' ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန႔္​ေတာ္​မူ​၏။
Burmese MSBU
အို စစ်မြင်း​တို့​၊ စစ်ချီ​ကြ​။ အို စစ်ရထား​တို့​၊ ဒုန်းစိုင်းနှင်​ကြ​။ ဒိုင်းလွှား​ကို​စွဲကိုင်​သော အီသီယိုးပီးယား​လူမျိုး​နှင့် ဖုတ​လူမျိုး စစ်သူရဲ​တို့​၊ လေးသည်တော် လုဒိမ်​လူမျိုး​စစ်သူရဲ​တို့​၊ ချီတက်​ကြ​။
Burmese MSBZ
အို စစ္ျမင္း​တို႔​၊ စစ္ခ်ီ​ၾက​။ အို စစ္ရထား​တို႔​၊ ဒုန္းစိုင္းႏွင္​ၾက​။ ဒိုင္းလႊား​ကို​စြဲကိုင္​ေသာ အီသီယိုးပီးယား​လူမ်ိဳး​ႏွင့္ ဖုတ​လူမ်ိဳး စစ္သူရဲ​တို႔​၊ ေလးသည္ေတာ္ လုဒိမ္​လူမ်ိဳး​စစ္သူရဲ​တို႔​၊ ခ်ီတက္​ၾက​။