Jeremiah 48:33 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
Burmese 1835 Version Judson
ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်းပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကိုမနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံမဟုတ်ရ။
Burmese 1928
မော ဘ ပြည် မှ လည်း ကောင်း၊ ခြံ ထဲ မှ လည်း ကောင်း၊ ဝမ်း မြောက် ရွှင် လန်း ခြင်း များ ကို ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ကျင်း မှ အ သီး ပြတ် စဲ စေ တော် မူ သ ဖြင့်၊ ပျော် ရွှင် စွာ ဖိ နင်း သူ မ ရှိ။ ကြွေး ကြော် သံ လည်း ရွှင် လန်း သံ မ ဟုတ် ချေ။
Burmese 2021
ဝပြောသောလယ်ပြင်နှင့် မောဘပြည်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်သီးနယ်ရာ ကျင်း၌ စပျစ်ရည်ကို ငါပြတ်စေပြီ။ ကြွေးကြော်သံကိုပြု၍ စပျစ်သီးကို မနင်းရ။ ကြွေးကြော်သော အသံလည်း ကြွေးကြော်သောအသံ မဟုတ်ရ။
Burmese JBZV
ဝေျပာေသာလယ္ျပင္ႏွင့္ ေမာဘျပည္ထဲမွာ ဝမ္းေျမာက္ရႊင္လန္းျခင္း ျပတ္ေလၿပီ။ စပ်စ္သီးနယ္ရာ က်င္း၌ စပ်စ္ရည္ကို ငါျပတ္ေစၿပီ။ ေႂကြးေၾကာ္သံကိုျပဳ၍ စပ်စ္သီးကို မနင္းရ။ ေႂကြးေၾကာ္ေသာ အသံလည္း ေႂကြးေၾကာ္ေသာအသံ မဟုတ္ရ။
Burmese MCLZV
အသီးအႏွံႂကြယ္ဝသည့္ေမာဘျပည္မွ ရႊင္လန္းဝမ္းေျမာက္မွုကို႐ုပ္သိမ္းလိုက္ေလ ၿပီ။ စပ်စ္သီးနယ္ရာက်င္းမွစပ်စ္ရည္ မ်ားယိုထြက္၍မလာေတာ့ေပ။ စပ်စ္သီး ကိုနယ္၍ဝမ္းေျမာက္စြာေႂကြးေၾကာ္မည့္ သူလည္းတစ္ဦးတစ္ေယာက္မၽွမရွိေတာ့ေပ။
Burmese MSBU
သီးနှံဖြစ်ထွန်းသောမြေနှင့် မောဘပြည်၌ ဝမ်းမြောက်ရွှင်လန်းခြင်း ပျောက်ကွယ်လေပြီ။ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ဝိုင်ပြတ်လေပြီ။ ဝမ်းမြောက်စွာကြွေးကြော်လျက် စပျစ်သီးကိုနင်းနယ်ကြတော့မည်မဟုတ်။ ကြွေးကြော်သောအသံသည်လည်း ဝမ်းမြောက်သောကြွေးကြော်သံမဟုတ်။
Burmese MSBZ
သီးႏွံျဖစ္ထြန္းေသာေျမႏွင့္ ေမာဘျပည္၌ ဝမ္းေျမာက္႐ႊင္လန္းျခင္း ေပ်ာက္ကြယ္ေလၿပီ။ စပ်စ္သီးနယ္ရာက်င္းမွ စပ်စ္ဝိုင္ျပတ္ေလၿပီ။ ဝမ္းေျမာက္စြာေႂကြးေၾကာ္လ်က္ စပ်စ္သီးကိုနင္းနယ္ၾကေတာ့မည္မဟုတ္။ ေႂကြးေၾကာ္ေသာအသံသည္လည္း ဝမ္းေျမာက္ေသာေႂကြးေၾကာ္သံမဟုတ္။