Jeremiah 49:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့ရာတွင်ငါမူကားဧသော၏သားမြေး များထံမှရှိသမျှသောပစ္စည်းဥစ္စာများ ကိုရုပ်သိမ်းမည်။ သူတို့ဆက်လက်ပုန်းအောင်း ၍မနေနိုင်စေရန်သူတို့ပုန်းအောင်းရာအရပ် များကိုဖော်ထုတ်မည်။ ဧဒုံပြည်သားအပေါင်း တို့အားငါသုတ်သင်ပယ်ရှားလိုက်လေပြီ။ သူတို့တစ်စုံတစ်ယောက်မျှမကျန်ရှိကြ တော့ပေ။-
Burmese 1835 Version Judson
ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။
Burmese 1928
ဧ သော့ အ မျိုး သား တို့ ကို ပုန်း ရှောင်၍ မ ရ သည့် တိုင် အောင် ဟင်း လင်း ဖွင့် လျက်၊ ကွယ် ဝှက် ရာ များ ကို ပင် ငါ ပြ သ ဖြင့်၊ အ ဆက် အ နွယ်၊ အ ဆွေ အ မျိုး၊ အ ပေါင်း အ ဖော် တို့ ပါ၊ တိမ် ကော ကွယ် ပ ကြ လိမ့် မည်။
Burmese 2021
ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သော နေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီးချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရလိမ့်မည်။
Burmese JBZV
ဧေသာ၏အဝတ္ကို ငါခၽြတ္မည္။ သူသည္ ပုန္း၍မေနနိုင္ေအာင္ သူကြယ္ေသာ ေနရာအရပ္တို႔ကို ငါလွန္မည္။ သူ၏အမ်ိဳးအႏြယ္၊ ညီအစ္ကို၊ အိမ္နီးခ်င္းတို႔သည္ ပ်က္စီး၍၊ သူ႔ကိုယ္တိုင္လည္း ေပ်ာက္ရလိမ့္မည္။
Burmese MCLZV
သို႔ရာတြင္ငါမူကားဧေသာ၏သားေျမး မ်ားထံမွရွိသမၽွေသာပစၥည္းဥစၥာမ်ား ကို႐ုပ္သိမ္းမည္။ သူတို႔ဆက္လက္ပုန္းေအာင္း ၍မေနနိုင္ေစရန္သူတို႔ပုန္းေအာင္းရာအရပ္ မ်ားကိုေဖာ္ထုတ္မည္။ ဧဒုံျပည္သားအေပါင္း တို႔အားငါသုတ္သင္ပယ္ရွားလိုက္ေလၿပီ။ သူတို႔တစ္စုံတစ္ေယာက္မၽွမက်န္ရွိၾက ေတာ့ေပ။-
Burmese MSBU
သို့သော် ငါသည် ဧသောကို ပြောင်တလင်းခါစေမည်။ သူသည် ပုန်းရှောင်၍မရအောင် သူ၏ပုန်းခိုရာကို ငါဖော်ပြမည်။ သူ၏သားမြေး၊ ညီအစ်ကို၊ အိမ်နီးချင်းတို့ပျက်စီးလိမ့်မည်။ သူလည်း ရှိတော့မည်မဟုတ်။
Burmese MSBZ
သို႔ေသာ္ ငါသည္ ဧေသာကို ေျပာင္တလင္းခါေစမည္။ သူသည္ ပုန္းေရွာင္၍မရေအာင္ သူ၏ပုန္းခိုရာကို ငါေဖာ္ျပမည္။ သူ၏သားေျမး၊ ညီအစ္ကို၊ အိမ္နီးခ်င္းတို႔ပ်က္စီးလိမ့္မည္။ သူလည္း ရွိေတာ့မည္မဟုတ္။