Jeremiah 49:29 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူတို့၏တဲရှင်များနှင့်သိုးအုပ်များကို လည်းကောင်း၊ တဲကန့်လန့်ကာများနှင့်တဲတွင်း ရှိပစ္စည်းမှန်သမျှကိုလည်းကောင်းသိမ်းယူ ကြလော့။ သူတို့၏ကုလားအုတ်များကိုသိမ်း ယူပြီးလျှင်လူတို့အား`သင်တို့၏ပတ်လည် သို့ကြောက်မက်ဖွယ်ကောင်းသည့်ဘေးအန္တရာယ် ရောက်ရှိလာလေပြီ' ဟုပြောကြားကြလော့။
Burmese 1835 Version Judson
သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
Burmese 1928
အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဖြစ် သည် တ ကား ဟု ဟစ် ကြ ရာ၊ ချင်း တို့၏ တဲ ရှင်၊ သိုး၊ ဆိတ်၊ တင်း တိမ် ရံ အ သုံး အ ဆောင်၊ ကုလား အုပ် များ ကို၊ ရန် သူ တို့ လု ယူ သိမ်း သွား ကြ လိမ့် မည်။
Burmese 2021
သူတို့တဲများနှင့် သိုးစုများကိုလည်းကောင်း၊ ကုလားကာများ၊ အသုံးအဆောင်များ၊ ကုလားအုတ်များကိုလည်းကောင်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာအကြောင်းကို ကြွေးကြော်ရကြမည်။
Burmese JBZV
သူတို႔တဲမ်ားႏွင့္ သိုးစုမ်ားကိုလည္းေကာင္း၊ ကုလားကာမ်ား၊ အသုံးအေဆာင္မ်ား၊ ကုလားအုတ္မ်ားကိုလည္းေကာင္း သိမ္း၍ ယူသြားရၾကမည္။ သူတို႔ပတ္လည္၌ ေၾကာက္လန္႔စရာအေၾကာင္းကို ေႂကြးေၾကာ္ရၾကမည္။
Burmese MCLZV
သူတို႔၏တဲရွင္မ်ားႏွင့္သိုးအုပ္မ်ားကို လည္းေကာင္း၊ တဲကန႔္လန႔္ကာမ်ားႏွင့္တဲတြင္း ရွိပစၥည္းမွန္သမၽွကိုလည္းေကာင္းသိမ္းယူ ၾကေလာ့။ သူတို႔၏ကုလားအုတ္မ်ားကိုသိမ္း ယူၿပီးလၽွင္လူတို႔အား`သင္တို႔၏ပတ္လည္ သို႔ေၾကာက္မက္ဖြယ္ေကာင္းသည့္ေဘးအႏၲရာယ္ ေရာက္ရွိလာေလၿပီ' ဟုေျပာၾကားၾကေလာ့။
Burmese MSBU
သူတို့၏တဲများ၊ သိုးအုပ်များ သိမ်းယူသွားခြင်းခံရမည်။ သူတို့၏ရွက်ထည်များမှစ၍ အသုံးအဆောင်ရှိသမျှနှင့် ကုလားအုတ်များသည်လည်း ဆောင်ယူသွားခြင်းခံရမည်။ သူတို့အား ‘ကြောက်လန့်စရာများ ပတ်လည်ဝိုင်းနေပြီ’ဟူ၍ ဟစ်အော်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
Burmese MSBZ
သူတို႔၏တဲမ်ား၊ သိုးအုပ္မ်ား သိမ္းယူသြားျခင္းခံရမည္။ သူတို႔၏႐ြက္ထည္မ်ားမွစ၍ အသုံးအေဆာင္ရွိသမွ်ႏွင့္ ကုလားအုတ္မ်ားသည္လည္း ေဆာင္ယူသြားျခင္းခံရမည္။ သူတို႔အား ‘ေၾကာက္လန႔္စရာမ်ား ပတ္လည္ဝိုင္းေနၿပီ’ဟူ၍ ဟစ္ေအာ္ၾကလိမ့္မည္”ဟု မိန႔္ေတာ္မူ၏။