Jeremiah 49:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဟေရှဘုန်မြို့သားတို့ငိုကြွေးကြလော့။ သင်တို့၏အာဣမြို့သည်ပျက်စီးသွားလေ ပြီ။ ရဗ္ဗာမြို့သူတို့၊ ဝမ်းနည်းကြွေကွဲမှုကိုပြ ကြလော့။ လျှော်တေကိုဝတ်၍ဝမ်းနည်းကြေ ကွဲမှုကိုပြကြလော့။ ကယောင်ချောက်ချား ပြေးလွှားကြလော့။ သင်တို့၏မိလကုံဘုရား သည်သူ၏ယဇ်ပုရောဟိတ်များ၊ မင်းသား များနှင့်အတူပြည်နှင်ဒဏ်ခံရလိမ့်မည်။-
Burmese 1835 Version Judson
အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
Burmese 1928
အို ဟေ ရှ ဘုန် မြို့ သား တို့၊ အာ ဣ မြို့ ပျက် စီး သည့် အ တွက်၊ အော် ကြ လော့။ အို ရ ဗ္ဗာ မြို့ သူ တို့၊ မိ လ ကုံ ဘု ရား သည်၊ ဆိုင် ရာ ပရော ဟိတ် နှင့် လူ ကြီး တို့ ပါ၊ တစ် ပြိုင် နက် သုံ့ ပန်း သိမ်း သွား ခံ ရ သည့် အ တွက်၊ လျှော် တေ ဝတ် ၍ စည်း ရိုး များ အ တွင်း၊ လူး လာ အော် ဟစ် မြည် တမ်း ကြ လော့။
Burmese 2021
အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီးပြီ။ အို ရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကို ဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံဘုရားသည် သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
Burmese JBZV
အို ေဟရွဘုန္ၿမိဳ႕၊ ညည္းတြားျမည္တမ္းေလာ့။ အာဣၿမိဳ႕ပ်က္စီးၿပီ။ အို ရဗၺာၿမိဳ႕သမီးတို႔၊ ငိုေႂကြးၾကေလာ့။ ေလၽွာ္ေတအဝတ္ကို ဝတ္၍ ျမည္တမ္းလ်က္၊ ၿခံနားမွာ ေတာင္ေျမာက္ေျပးၾကေလာ့။ အေၾကာင္းမူကား၊ မိလကုံဘုရားသည္ သူ၏ယဇ္ပုေရာဟိတ္၊ သူ၏မင္းမ်ားႏွင့္တကြ သိမ္းသြားျခင္းကိုခံရ၏။
Burmese MCLZV
ေဟရွဘုန္ၿမိဳ႕သားတို႔ငိုေႂကြးၾကေလာ့။ သင္တို႔၏အာဣၿမိဳ႕သည္ပ်က္စီးသြားေလ ၿပီ။ ရဗၺာၿမိဳ႕သူတို႔၊ ဝမ္းနည္းေႂကြကြဲမွုကိုျပ ၾကေလာ့။ ေလၽွာ္ေတကိုဝတ္၍ဝမ္းနည္းေၾက ကြဲမွုကိုျပၾကေလာ့။ ကေယာင္ေခ်ာက္ခ်ား ေျပးလႊားၾကေလာ့။ သင္တို႔၏မိလကုံဘုရား သည္သူ၏ယဇ္ပုေရာဟိတ္မ်ား၊ မင္းသား မ်ားႏွင့္အတူျပည္ႏွင္ဒဏ္ခံရလိမ့္မည္။-
Burmese MSBU
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဟေရှဘုန်မြို့၊ ညည်းတွားငိုကြွေးလော့။ အာဣမြို့ ပျက်စီးလေပြီ။ အို ရဗ္ဗာသမီးပျို၊ အော်ဟစ်လော့။ လျှော်တေအဝတ်ကိုဝတ်လျက်၊ တံတိုင်းအတွင်း ပြေးလွှားလျက် ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား မိလကုံဘုရားသည် သူနှင့်ဆိုင်သော ယဇ်ပုရောဟိတ်များ၊ အကြီးအကဲများနှင့်အတူ ဖမ်းခေါ်သွားခြင်းခံရလေပြီ။
Burmese MSBZ
ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားက “အို ေဟရွဘုန္ၿမိဳ႕၊ ညည္းတြားငိုေႂကြးေလာ့။ အာဣၿမိဳ႕ ပ်က္စီးေလၿပီ။ အို ရဗၺာသမီးပ်ိဳ၊ ေအာ္ဟစ္ေလာ့။ ေလွ်ာ္ေတအဝတ္ကိုဝတ္လ်က္၊ တံတိုင္းအတြင္း ေျပးလႊားလ်က္ ငိုေႂကြးျမည္တမ္းၾကေလာ့။ အေၾကာင္းမူကား မိလကုံဘုရားသည္ သူႏွင့္ဆိုင္ေသာ ယဇ္ပုေရာဟိတ္မ်ား၊ အႀကီးအကဲမ်ားႏွင့္အတူ ဖမ္းေခၚသြားျခင္းခံရေလၿပီ။