Jeremiah 5:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
Burmese 1835 Version Judson
ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။
Burmese 1928
အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် အ တိုင်း၊ ရှေး ကာ လ အ ဆက် မ ပြတ် သော လူ မျိုး၊ သင် တို့ မ ကြား၊ နား မ လည် သည့် ဘာ သာ စ ကား သုံး သော လူ မျိုး ကို ဝေး ကွာ ရာ မှ သင် တို့ တစ် ဘက် သို့ ငါ ခေါ် ဆောင် ၏။
Burmese 2021
ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင့်ကို တိုက်စေဖို့ လူတစ်မျိုးကို ဝေးသောအရပ်က ငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေးကာလ၌ ဖြစ်ဖူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သောအမျိုး ဖြစ်လိမ့်မည်။
Burmese JBZV
ထာဝရဘုရား မိန္႔ေတာ္မူသည္ကား၊ အို ဣသေရလအမ်ိဳး၊ သင့္ကို တိုက္ေစဖို႔ လူတစ္မ်ိဳးကို ေဝးေသာအရပ္က ငါေဆာင္ခဲ့မည္။ အားႀကီးေသာအမ်ိဳး၊ ေရွးကာလ၌ ျဖစ္ဖူးေသာအမ်ိဳး၊ သူတို႔စကားကို သင္မသိ နားမလည္ေသာအမ်ိဳး ျဖစ္လိမ့္မည္။
Burmese MCLZV
ဣသေရလျပည္သားတို႔၊ ထာဝရဘုရား က``ငါသည္သင္တို႔အားတိုက္ခိုက္ေစရန္ ေဝး လံရပ္ျခားမွလူမ်ိဳးစုတစ္စုကိုေခၚေဆာင္ ခဲ့လိမ့္မည္။ သူတို႔သည္အင္အားႀကီး၍အလြန္ ေရွးက်ေသာလူမ်ိဳး၊ သင္တို႔မသိနားမလည္ ေသာဘာသာစကားကိုေျပာဆိုေသာလူမ်ိဳး ျဖစ္၏။-
Burmese MSBU
ထာဝရဘုရားက “အို အစ္စရေးလူမျိုး၊ ကြည့်ရှုလော့။ ဝေးသောအရပ်မှ လူမျိုးခြားတစ်မျိုးကို သင့်ထံ ငါခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် အားကြီးသောလူမျိုး၊ ရှေးကာလကပင် ရှိနှင့်သောလူမျိုး၊ သူတို့ဘာသာစကားကို သင်မသိ၊ သူတို့ပြောသောစကားကို သင်နားမလည်သော လူမျိုးဖြစ်၏။
Burmese MSBZ
ထာဝရဘုရားက “အို အစၥေရးလူမ်ိဳး၊ ၾကည့္ရႈေလာ့။ ေဝးေသာအရပ္မွ လူမ်ိဳးျခားတစ္မ်ိဳးကို သင့္ထံ ငါေခၚေဆာင္လာမည္။ ထိုလူမ်ိဳးသည္ အားႀကီးေသာလူမ်ိဳး၊ ေရွးကာလကပင္ ရွိႏွင့္ေသာလူမ်ိဳး၊ သူတို႔ဘာသာစကားကို သင္မသိ၊ သူတို႔ေျပာေသာစကားကို သင္နားမလည္ေသာ လူမ်ိဳးျဖစ္၏။