Jeremiah 5:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
Burmese 1835 Version Judson
ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Burmese 1928
သို့ နှင့် အ ညီ ၎င်း တို့ ပုန် ကန် မှု များ ပြား လျက်၊ ဖောက် ပြန် မှု တိုး ပွား သည့် အ တွက်၊ တော ရှိ ခြင်္သေ့ သတ် ဖြတ် ခြင်း၊ လွင် ပြင် နေ ဝံ ပု လွေ ဖျက် ဆီး ခြင်း ပြု လျက်၊ ကျား သစ် သည်၊ မြို့ ရွာ ပြင် မှ ချောင်း မြောင်း၍၊ ထွက် သူ တိုင်း ကို ကိုက် စား လိမ့် မည်။
Burmese 2021
ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကိုသတ်လိမ့်မည်။ ညဉ့်ဦးယံ၌ လည်တတ်သော တောခွေးသည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကိုစောင့်၍၊ မြို့ပြင်သို့ ထွက်သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Burmese JBZV
ထိုေၾကာင့္၊ ေတာမွလာေသာ ျခေသၤ့သည္ သူတို႔ကိုသတ္လိမ့္မည္။ ညဥ့္ဦးယံ၌ လည္တတ္ေသာ ေတာေခြးသည္ သူတို႔ကို ကိုက္စားလိမ့္မည္။ က်ားသစ္သည္ သူတို႔ၿမိဳ႕ကိုေစာင့္၍၊ ၿမိဳ႕ျပင္သို႔ ထြက္သြားေသာသူ အေပါင္းတို႔ကို အပိုင္းပိုင္းျဖတ္လိမ့္မည္။ အေၾကာင္းမူကား၊ သူတို႔ျပစ္မွားေသာ အျပစ္မ်ား၍၊ အႀကိမ္ႀကိမ္ အထပ္ထပ္ ေဖာက္ျပန္ၾကၿပီ။
Burmese MCLZV
ဤအေၾကာင္းေၾကာင့္ေတာမွျခေသၤ့တို႔သည္ သူတို႔ကိုကိုက္သတ္ၾကလိမ့္မည္။ သဲကႏၲာရမွဝံပုေလြတို႔သည္သူတို႔အား အပိုင္းပိုင္းကိုက္ျဖတ္ၾကလိမ့္မည္။ က်ားသစ္တို႔သည္လည္းသူတို႔၏ၿမိဳ႕မ်ား အနီးတြင္ ေစာင့္ကာၿမိဳ႕ျပင္သို႔ထြက္လာသူမွန္သမၽွကို အပိုင္းပိုင္းကိုက္ျဖတ္ၾကလိမ့္မည္။ အဘယ္ေၾကာင့္ဆိုေသာ္ထိုသူတို႔သည္ အျပစ္မ်ားသူမ်ားျဖစ္သည့္ျပင္ ဘုရားသခင္ကို၊အႀကိမ္ႀကိမ္အဖန္ဖန္ ေက်ာခိုင္းခဲ့ၾကေသာေၾကာင့္ျဖစ္၏။
Burmese MSBU
ထို့ကြောင့် တောထဲမှခြင်္သေ့သည် သူတို့ကို တိုက်ခိုက်လိမ့်မည်။ သဲကန္တာရမှဝံပုလွေသည် သူတို့ကိုဖျက်ဆီးလိမ့်မည်။ ကျားသစ်သည် သူတို့၏မြို့များကို ချောင်းမြောင်းလိမ့်မည်။ မြို့ထဲမှထွက်လာသောသူအပေါင်းတို့သည် တစ်စစီကိုက်ဖြတ်ခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူတို့ကျူးလွန်သောအပြစ်သည် များပြား၏။ သူတို့၏ဖောက်ပြန်သွေဖည်မှုသည် မရေမတွက်နိုင်။
Burmese MSBZ
ထို႔ေၾကာင့္ ေတာထဲမွျခေသၤ့သည္ သူတို႔ကို တိုက္ခိုက္လိမ့္မည္။ သဲကႏၲာရမွဝံပုေလြသည္ သူတို႔ကိုဖ်က္ဆီးလိမ့္မည္။ က်ားသစ္သည္ သူတို႔၏ၿမိဳ႕မ်ားကို ေခ်ာင္းေျမာင္းလိမ့္မည္။ ၿမိဳ႕ထဲမွထြက္လာေသာသူအေပါင္းတို႔သည္ တစ္စစီကိုက္ျဖတ္ျခင္းခံရလိမ့္မည္။ အေၾကာင္းမူကား သူတို႔က်ဴးလြန္ေသာအျပစ္သည္ မ်ားျပား၏။ သူတို႔၏ေဖာက္ျပန္ေသြဖည္မႈသည္ မေရမတြက္ႏိုင္။