Jeremiah 50:2 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
Burmese 1835 Version Judson
လူမျိုးတို့တွင် သိတင်းကြားပြောကြလော့။ ဝှက်၍ မထားဘဲအလံကို ထူ၍ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရော ဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန်ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ကျိုးပဲ့လျက်ရှိကြ၏။
Burmese 1928
ဗာ ဗု လုန် မြို့ သည် သိမ်း ယူ ခြင်း၊ ဗေ လ ဘု ရား သည် အ ရှက် ကွဲ ခြင်း၊ မေ ရော ဒပ် ဘု ရား လည်း လှုပ် ရှား ခြင်း ခံ ရ ပြီ။ ဆိုင် ရာ ရုပ် ပွား ဆင်း တု များ သည်၊ အ ရှက် ရ၍ လှုပ် ရှား ခံ ရ ပြီ။ မြောက် ပိုင်း မှ ချီ တက် လာ သော လူ မျိုး သည်၊ ထို ပြည် ကို ဆိတ် ညံ ရာ ဖြစ် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ထွက် သွား ကြ ပြီ ဟု၊ လူ မျိုး ခြား တို့ တွင် အ လံ စိုက် ထူ လျက်၊ မ ထိမ် မ ချန် ကြော် ငြာ ဖော် ပြ ကြ လော့။
Burmese 2021
လူမျိုးတို့တွင် သတင်းကြားပြောကြလော့။ ဝှက်၍မထားဘဲ အလံကိုထူ၍ ကြော်ငြာကြလော့။ ကြားပြောရသောစကားဟူမူကား၊ ဗာဗုလုန်မြို့ကို တိုက်ယူကြပြီ။ ဗေလဘုရားသည် အရှက်ကွဲပြီ။ မေရောဒပ်ဘုရားသည် ကျိုးပြီ။ ဗာဗုလုန် ရုပ်တုဆင်းတုတို့သည် အရှက်ကွဲ၍ ကျိုးပဲ့လျက်ရှိကြ၏။
Burmese JBZV
လူမ်ိဳးတို႔တြင္ သတင္းၾကားေျပာၾကေလာ့။ ဝွက္၍မထားဘဲ အလံကိုထူ၍ ေၾကာ္ျငာၾကေလာ့။ ၾကားေျပာရေသာစကားဟူမူကား၊ ဗာဗုလုန္ၿမိဳ႕ကို တိုက္ယူၾကၿပီ။ ေဗလဘုရားသည္ အရွက္ကြဲၿပီ။ ေမေရာဒပ္ဘုရားသည္ က်ိဳးၿပီ။ ဗာဗုလုန္ ႐ုပ္တုဆင္းတုတို႔သည္ အရွက္ကြဲ၍ က်ိဳးပဲ့လ်က္ရွိၾက၏။
Burmese MCLZV
``ဗာဗုလုန္ၿမိဳ႕သည္က်ဆုံးေလၿပီ။ ထိုၿမိဳ႕ ၏ေမေရာဒပ္ ဘုရားသည္လည္းက်ိဳးပဲ့ေၾကမြ၍သြားေလၿပီ။ ဗာဗုလုန္ၿမိဳ႕ရွိစက္ဆုပ္ရြံရွာဖြယ္ေကာင္းသည့္ ႐ုပ္တုမ်ားသည္ အရွက္ကြဲလ်က္ေခ်မွုန္းျခင္းကိုခံရၾကပါသည္ တကား။ ဤသတင္းကိုထိုလူမ်ိဳးတကာတို႔အား ေျပာၾကားေၾကညာေလာ့။ အခ်က္ျပအလံဟူ၍ေၾကာ္ျငာေလာ့။ ထိုသတင္းကိုလၽွို႔ဝွက္၍မထားႏွင့္။
Burmese MSBU
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
Burmese MSBZ
ထာဝရဘုရားက “ ‘ေဘဘီလုံၿမိဳ႕ သိမ္းပိုက္ခံရၿပီ။ ေဗလဘုရား အရွက္ကြဲေလၿပီ။ ေမေရာဒပ္ဘုရား ေၾကာက္လန႔္ေလၿပီ။ ေဘဘီလုံ႐ုပ္တုတို႔ အရွက္ကြဲေလၿပီ။ ဆင္းတုတို႔ ေၾကာက္လန႔္ေလၿပီ’ဟု ေႂကြးေၾကာ္ေၾကညာေလာ့။ အခ်က္ျပအလံကို လႊင့္ထူၿပီး မကြယ္မဝွက္ဘဲ လူမ်ိဳးတကာတို႔အား ေျပာၾကားၾကေလာ့။