Jeremiah 50:29 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
Burmese 1835 Version Judson
လေးသမားတို့ကို ဗာဗုလုန်မြို့သို့ခေါ်ကြလော့။ ပစ်တတ်သော သူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြ လော့။ သူပြုဘူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည်ဣ သရေလအမျိုး၏သန့်ရှင်းတော်မူသော ဘုရား၊ ထာဝရ ဘုရားတဘက်၌ ဝါကြွားပြီတကား။
Burmese 1928
ဗာ ဗု လုန် မြို့ တစ် ဘက်၊ လေး ကိုင် တင် သော သူ ရဲ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊ ဝန်း ဝိုင်း၍ တပ် စွဲ ကြ လော့။ ထွက် လွတ် ခွင့် မ ပေး ဘဲ၊ အ ပြု အ မူ အ လိုက် ဆပ် ပေး ခြင်း၊ ပြု မူ သ မျှ အ တိုင်း တုံ့ ပြန် ခြင်း ပြု ကြ လော့။ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌၊ မောက် မာ လေ ပြီ။
Burmese 2021
လေးသမားတို့ကို ဗာဗုလုန်မြို့သို့ ခေါ်ကြလော့။ ပစ်တတ်သောသူအပေါင်းတို့၊ မြို့ပတ်ဝန်းကျင်၌ တပ်ချကြလော့။ မြို့သူမြို့သား တစ်ယောက်ကိုမျှ မလွတ်စေနှင့်။ ထိုမြို့ကျင့်သော အကျင့်နှင့်အလျောက် အပြစ်ပေးကြလော့။ သူပြုဖူးသမျှအတိုင်း သူ၌ပြုကြလော့။ သူသည် ဣသရေလအမျိုး၏ သန့်ရှင်းတော်မူသောဘုရား၊ ထာဝရဘုရားတစ်ဖက်၌ ဝါကြွားပြီတကား။
Burmese JBZV
ေလးသမားတို႔ကို ဗာဗုလုန္ၿမိဳ႕သို႔ ေခၚၾကေလာ့။ ပစ္တတ္ေသာသူအေပါင္းတို႔၊ ၿမိဳ႕ပတ္ဝန္းက်င္၌ တပ္ခ်ၾကေလာ့။ ၿမိဳ႕သူၿမိဳ႕သား တစ္ေယာက္ကိုမၽွ မလြတ္ေစႏွင့္။ ထိုၿမိဳ႕က်င့္ေသာ အက်င့္ႏွင့္အေလ်ာက္ အျပစ္ေပးၾကေလာ့။ သူျပဳဖူးသမၽွအတိုင္း သူ၌ျပဳၾကေလာ့။ သူသည္ ဣသေရလအမ်ိဳး၏ သန္႔ရွင္းေတာ္မူေသာဘုရား၊ ထာဝရဘုရားတစ္ဖက္၌ ဝါႂကြားၿပီတကား။
Burmese MCLZV
``ဗာဗုလုန္ၿမိဳ႕ကိုတိုက္ခိုက္ရန္ေလးသမား တို႔အားေျပာၾကားၾကေလာ့။ ေလးႏွင့္ျမား ကိုအသုံးျပဳတတ္သူမွန္သမၽွကိုေစလႊတ္ ၾကေလာ့။ ၿမိဳ႕ကိုဝိုင္းရံထားၾကေလာ့။ အဘယ္ သူမၽွထြက္မေျပးေစႏွင့္။ ထိုၿမိဳ႕သားတို႔အား လက္စားေခ်ၾကေလာ့။ သူတို႔သည္ သူတစ္ပါး တို႔အားျပဳက်င့္ခဲ့ၾကသည့္အတိုင္းသူတို႔ အားျပဳက်င့္ၾကေလာ့။ အဘယ္ေၾကာင့္ဆို ေသာ္သူတို႔သည္ဣသေရလအမ်ိဳးသားတို႔ ၏သန႔္ရွင္းျမင့္ျမတ္ေတာ္မူေသာအရွင္ ျဖစ္သူငါ့ကိုမာနေထာင္လႊားစြာဆန႔္ က်င္ခဲ့ၾကၿပီ။-
Burmese MSBU
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
Burmese MSBZ
ေဘဘီလုံၿမိဳ႕ကိုတိုက္ခိုက္ရန္ ေလးပစ္ကြၽမ္းေသာေလးသည္ေတာ္အေပါင္းတို႔ကို ေခၚၾက။ ၿမိဳ႕ပတ္ပတ္လည္၌ တပ္ခ်ၾက။ ထိုၿမိဳ႕သည္ အစၥေရးလူမ်ိဳး၏သန႔္ရွင္းေသာအရွင္ ထာဝရဘုရားကို ဆန႔္က်င္သည္ျဖစ္၍ ထိုၿမိဳ႕ျပဳခဲ့သမွ်အတိုင္း ျပန္၍ျပဳၾက။ ထိုၿမိဳ႕က်င့္သည့္အတိုင္း ျပန္ေပးဆပ္ေစ။ မည္သူမွ် မလြတ္ေျမာက္ေစႏွင့္။