Jeremiah 51:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။ ထာဝရဘုရားသည်မိမိကြံစည်ထားတော် မူသည်အတိုင်း၊ ဗာဗုလုန်ပြည်သားတို့အား မိမိကြိမ်းမောင်းထားသည်နှင့်အညီပြု တော်မူလေပြီ။-
Burmese 1835 Version Judson
ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရ ဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
Burmese 1928
ဗာ ဗု လုန် မြို့ သူ မြို့ သား တို့ ကို ရည် လျက်၊ မိန့် တော် မူ ချက် အ ရ၊ ထာ ဝ ရ ဘု ရား ပြ ဋ္ဌာန်း ၍ ကြံ ဆောင် တော် မူ ပြီး ဖြစ် သော ကြောင့်၊ ဗာ ဗု လုန် မြို့ ရိုး ရင် ဆိုင် အ လံ စိုက် ထူ ခြင်း၊ မြို့ ရံ တပ် ခိုင် ခံ့ ခြင်း၊ ကင်း တပ် ထား ခြင်း၊ တပ် ပုန်း ချ ခြင်း များ ကို ပြု ကြ လော့။
Burmese 2021
ဗာဗုလုန်မြို့ရိုးရှေ့မှာ အလံကိုထူကြလော့။ များစွာသော လူစောင့်တို့ကို ထား၍ ကင်းထိုးကြလော့။ ချောင်းမြောင်းသော တပ်သားတို့ကို ပြင်ကြလော့။ ထာဝရဘုရားသည် ဗာဗုလုန်မြို့သားတို့ကို ခြိမ်းသည်အတိုင်း ကြံစည်၍ လက်စသတ်တော်မူသည်။
Burmese JBZV
ဗာဗုလုန္ၿမိဳ႕ရိုးေရွ႕မွာ အလံကိုထူၾကေလာ့။ မ်ားစြာေသာ လူေစာင့္တို႔ကို ထား၍ ကင္းထိုးၾကေလာ့။ ေခ်ာင္းေျမာင္းေသာ တပ္သားတို႔ကို ျပင္ၾကေလာ့။ ထာဝရဘုရားသည္ ဗာဗုလုန္ၿမိဳ႕သားတို႔ကို ၿခိမ္းသည္အတိုင္း ႀကံစည္၍ လက္စသတ္ေတာ္မူသည္။
Burmese MCLZV
ဗာဗုလုန္ၿမိဳ႕ရိုးတို႔ကိုတိုက္ခိုက္ရန္အခ်က္ ေပးၾကေလာ့။ သင္တို႔၏အေစာင့္တပ္ကိုအား ျဖည့္ၾကေလာ့။ ကင္းလုလင္တို႔ကိုေနရာယူ ေစၾကေလာ့။ ျခဳံခိုတိုက္ခိုက္မည့္တပ္သား တို႔ကိုခ်ထားၾကေလာ့'' ဟုအမိန႔္ေပး ၾက၏။ ထာဝရဘုရားသည္မိမိႀကံစည္ထားေတာ္ မူသည္အတိုင္း၊ ဗာဗုလုန္ျပည္သားတို႔အား မိမိႀကိမ္းေမာင္းထားသည္ႏွင့္အညီျပဳ ေတာ္မူေလၿပီ။-
Burmese MSBU
ဘေဘီလုံမြို့ရိုးကိုဖြိုဖျက်ရန် အချက်ပြအလံကို လွှင့်ထူကြ။ အစောင့်များကို ကြပ်ကြပ်ချထားကြ။ ကင်းစောင့်တို့ကိုနေရာချထားကြ။ ကင်းပုန်းများကို ပြင်ဆင်ကြ။ အကြောင်းမူကား ထာဝရဘုရားသည် ဘေဘီလုံမြို့သားများနှင့်ပတ်သက်၍ မိန့်ဆိုထားခဲ့သည့်အတိုင်း ကြံစည်တော်မူမည်၊ ပြုတော်မူမည်။
Burmese MSBZ
ေဘဘီလုံၿမိဳ႕႐ိုးကိုၿဖိဳဖ်က္ရန္ အခ်က္ျပအလံကို လႊင့္ထူၾက။ အေစာင့္မ်ားကို ၾကပ္ၾကပ္ခ်ထားၾက။ ကင္းေစာင့္တို႔ကိုေနရာခ်ထားၾက။ ကင္းပုန္းမ်ားကို ျပင္ဆင္ၾက။ အေၾကာင္းမူကား ထာဝရဘုရားသည္ ေဘဘီလုံၿမိဳ႕သားမ်ားႏွင့္ပတ္သက္၍ မိန႔္ဆိုထားခဲ့သည့္အတိုင္း ႀကံစည္ေတာ္မူမည္၊ ျပဳေတာ္မူမည္။