Jeremiah 51:58 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံ ခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ် ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
Burmese 1928
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ထူ သော ဗာ ဗု လုန် မြို့ ရိုး များ သည်၊ သုတ် သင် ပယ် ရှား ခြင်း၊ မြင့် သော တံ ခါး များ လည်း၊ မီး ဖြင့် ကျွမ်း လောင် ခြင်း ခံ ရ မည်။ သို့ နှင့် အ ညီ၊ လူ မျိုး များ သည်၊ အ ချည်း နှီး အတွက် လည်း ကောင်း၊ လူ စု တို့ သည်၊ မီး လောင် စာ အတွက် လည်း ကောင်း၊ ပင် ပန်း စွာ လုပ် ကိုင် တတ် ကြ သည် တ ကား ဟူ ၍ တည်း။
Burmese 2021
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒုကြီးသော ဗာဗုလုန်မြို့ရိုးတို့ကို အကုန်အစင်ဖြိုဖျက်၍၊ မြင့်သောမြို့တံခါးတို့ကိုလည်း မီးရှို့ကြလိမ့်မည်။ လူအမျိုးမျိုးတို့သည် အချည်းနှီးလုပ်ဆောင်၍၊ မီး၌ပင်ပန်းခြင်းကို ခံရကြပြီ။
Burmese JBZV
ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရားမိန္႔ေတာ္မူသည္ကား၊ ဒုႀကီးေသာ ဗာဗုလုန္ၿမိဳ႕ရိုးတို႔ကို အကုန္အစင္ၿဖိဳဖ်က္၍၊ ျမင့္ေသာၿမိဳ႕တံခါးတို႔ကိုလည္း မီးရွို႔ၾကလိမ့္မည္။ လူအမ်ိဳးမ်ိဳးတို႔သည္ အခ်ည္းႏွီးလုပ္ေဆာင္၍၊ မီး၌ပင္ပန္းျခင္းကို ခံရၾကၿပီ။
Burmese MCLZV
တန္ခိုးႀကီးသည့္ဗာဗုလုန္ၿမိဳ႕၏ၿမိဳ႕ရိုးမ်ားသည္ ၿပိဳက်ရလိမ့္မည္။ ျမင့္မားေသာၿမိဳ႕တံခါးတို႔သည္လည္း မီးေလာင္ကၽြမ္း၍သြားလိမ့္မည္။ လူမ်ိဳးတကာတို႔လုပ္ေဆာင္ထားေသာအရာ မ်ားသည္ အခ်ည္းႏွီးျဖစ္လ်က္ သူတို႔ႀကိဳးပမ္းအားထုတ္ခဲ့မွုမ်ားသည္လည္း မီးေတာက္တြင္ေပ်ာက္လြင့္သြားၾက၏။ ဤကားအနႏၲတန္ခိုးရွင္ထာဝရဘုရား ႁမြက္ဟသည့္ စကားျဖစ္၏'' ဟုမိန႔္ေတာ္မူ၏။
Burmese MSBU
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
Burmese MSBZ
ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားက “ထုထည္ႀကီးမားေသာ ေဘဘီလုံၿမိဳ႕႐ိုးသည္ လုံးလုံးၿဖိဳဖ်က္ျခင္းခံရလိမ့္မည္။ ျမင့္မားေသာၿမိဳ႕တံခါးတို႔သည္လည္း မီးရႈိ႕ခံရလိမ့္မည္။ လူတို႔သည္ အခ်ည္းႏွီးႀကိဳးစားအားထုတ္ခဲ့ၾကၿပီ။ လူမ်ိဳးတကာတို႔ ပင္ပန္းခဲ့သမွ် မီးစာျဖစ္သြားၿပီ”ဟု မိန႔္ေတာ္မူ၏။