Jeremiah 51:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
Burmese 1835 Version Judson
ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။
Burmese 1928
ဗာ ဗု လုန် မြို့ အား ထာ ဝ ရ ဘု ရား ဆပ် ပေး ၍၊ လက် စား ချေ တော် မူ သည့် ကာ လ ဖြစ် သ ဖြင့်၊ ထို မြို့ ၏ ဒု စ ရိုက် ကြောင့် ပယ် ရှား ခြင်း မ ခံ ရ ဘဲ၊ အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ အ သီး အ သီး ထွက် ပြေး ကြ လော့။
Burmese 2021
ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နုတ်ကြလော့။ မြို့သားတို့၏အပြစ်နှင့် ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုးအပြစ်နှင့် အလျောက် စီရင်တော်မူမည်။
Burmese JBZV
ဗာဗုလုန္ၿမိဳ႕ထဲက ထြက္ေျပး၍၊ အသီးအသီး ကိုယ္အသက္ကို ကယ္ႏုတ္ၾကေလာ့။ ၿမိဳ႕သားတို႔၏အျပစ္ႏွင့္ ေရာ၍ ဆုံးရွုံးျခင္ကို မခံၾကႏွင့္။ ဤအခ်ိန္ကား၊ ထာဝရဘုရား၏အမ်က္ေတာ္ကို ေျဖခ်ိန္ျဖစ္၍၊ အက်ိဳးအျပစ္ႏွင့္ အေလ်ာက္ စီရင္ေတာ္မူမည္။
Burmese MCLZV
ဗာဗုလုန္ၿမိဳ႕မွထြက္ေျပးၾကေလာ့။ သင္တို႔ သည္အသက္ေဘးမွလြတ္ေျမာက္ရန္ထြက္ ေျပးေလာ့။ ဗာဗုလုန္အျပစ္ေၾကာင့္အေသ မခံၾကႏွင့္။ ယခုငါသည္ဗာဗုလုန္ၿမိဳ႕ အာခံသည့္အျပစ္ဒဏ္အတြက္လက္စား ေခ်လ်က္ရွိ၏။-
Burmese MSBU
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
Burmese MSBZ
ေဘဘီလုံၿမိဳ႕မွ ထြက္ေျပးၾက။ အသက္ေဘးလြတ္ေအာင္ ေျပးၾက။ ထိုၿမိဳ႕၏အျပစ္ေၾကာင့္ အဖ်က္ဆီးမခံၾကႏွင့္။ အေၾကာင္းမူကား ထာဝရဘုရားလက္တုံ႔ျပန္ရာအခ်ိန္က်ေရာက္ၿပီ။ ထိုၿမိဳ႕ခံထိုက္ေသာအျပစ္ကို ျပန္ေပးဆပ္ေစေတာ္မူမည္။