Jeremiah 9:8 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​လူး​မြား​နှင့်​တူ​၏။ သူ​တို့​သည်​လိမ်​လည်​လှည့်​စား​သည့်​စကား​ကို အ​မြဲ​ပြော​ဆို​ကြ​၏။ လူ​တိုင်း​ပင်​မိ​မိ​အိမ်​နီး​ချင်း​အား​နှုတ်​ချို​စွာ ပြော​ဆို​တတ်​သော်​လည်း စင်​စစ်​အား​ဖြင့်၊သူ့​အ​တွက်​ထောင်​ချောက်​ကို ထောင်​ဖမ်း​လျက်​နေ​သည်။
Burmese 1835 Version Judson
သူတို့လျှာသည် သေစေတတ်သောမြှားဖြစ်၏။ ပရိယာယ်စကားကို ပြောတတ်၏။ အပေါင်းအဘော်ချင်း တို့သည် နှုတ်ဖြင့်လောကဝတ်စကားကိုပြော၍၊ နှလုံးဖြင့် ချောင်းမြောင်းတတ်ကြ၏။
Burmese 1928
သူ တို့၏ လှည့် စား ခြင်း လျှာ သည် ထက် သော မြှား သ ဖွယ် ဖြစ်၏။ အ ပေါင်း အ ဖော် အား နှုတ် ချို စွာ ပြော တတ် သော် လည်း၊ စိတ်၌ တပ် ပုန်း သ ဖွယ် ထား ၏။
Burmese 2021
သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။
Burmese JBZV
သူ​တို႔​လၽွာ​သည္ ေသ​ေစ​တတ္​ေသာ​ျမား ျဖစ္၏။ ပ​ရိ​ယာယ္​စ​ကား​ကို ေျပာ​တတ္၏။ အ​ေပါင္း​အ​ေဖာ္​ခ်င္း​တို႔​သည္ ႏွုတ္​ျဖင့္ ေလာ​က​ဝတ္​စ​ကား​ကို​ေျပာ၍၊ ႏွ​လုံး​ျဖင့္ ေခ်ာင္း​ေျမာင္း​တတ္​ၾက၏။
Burmese MCLZV
သူ​တို႔​၏​လၽွာ​သည္​အ​ဆိပ္​လူး​ျမား​ႏွင့္​တူ​၏။ သူ​တို႔​သည္​လိမ္​လည္​လွည့္​စား​သည့္​စကား​ကို အ​ျမဲ​ေျပာ​ဆို​ၾက​၏။ လူ​တိုင္း​ပင္​မိ​မိ​အိမ္​နီး​ခ်င္း​အား​ႏွုတ္​ခ်ိဳ​စြာ ေျပာ​ဆို​တတ္​ေသာ္​လည္း စင္​စစ္​အား​ျဖင့္၊သူ႔​အ​တြက္​ေထာင္​ေခ်ာက္​ကို ေထာင္​ဖမ္း​လ်က္​ေန​သည္။
Burmese MSBU
သူ​တို့​၏​လျှာ​သည် သေ​စေ​နိုင်​သော​မြား​ဖြစ်​၏​။ သူ​၏​နှုတ်​သည် လိမ်လည်လှည့်ဖြား​ပြောဆို​တတ်​၏​။ အိမ်နီးချင်း​ကို ချိုချိုသာသာ​ပြောဆို​သော်လည်း စိတ်​ထဲ၌ အလစ်ချောင်း​လျက်​နေ​၏”​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ
သူ​တို႔​၏​လွ်ာ​သည္ ေသ​ေစ​ႏိုင္​ေသာ​ျမား​ျဖစ္​၏​။ သူ​၏​ႏႈတ္​သည္ လိမ္လည္လွည့္ျဖား​ေျပာဆို​တတ္​၏​။ အိမ္နီးခ်င္း​ကို ခ်ိဳခ်ိဳသာသာ​ေျပာဆို​ေသာ္လည္း စိတ္​ထဲ၌ အလစ္ေခ်ာင္း​လ်က္​ေန​၏”​ဟု မိန႔္​ေတာ္မူ​၏​။