Joel 1:14 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အစာရှောင်ကြရန်အမိန့်များကိုထုတ်ပြန်ကာလူထုစည်းဝေးပွဲတစ်ရပ်ကိုကျင်းပကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်တွင် ခေါင်းဆောင်များနှင့်၊ယုဒပြည်သားအပေါင်းကိုစုဝေးစေပြီးလျှင်၊ ကိုယ်တော်၏ထံတော်သို့ဟစ်အော်ကြလော့။
Burmese 1835 Version Judson
အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
Burmese 1928
အ စာ ရှောင် ရာ နေ့၊ စည်း ဝေး ရာ နေ့ ကို သန့် ခြား လျက်၊ ကြော် ငြာ လျက်၊ လူ ကြီး တို့ မှ စ၍ ပြည် သူ ပြည် သား အ ပေါင်း တို့ ကို၊ သင် တို့ ဘု ရား သ ခင့် ဗိ မာန် တော် သို့ ခေါ် ဖိတ် ပြီး လျှင်၊ အ မင်္ဂ လာ နေ့ ရောက် လေ ပြီ။
Burmese 2021
အစာရှောင်ရသော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သား အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
Burmese JBZV
အစာေရွာင္ရေသာ အခ်ိန္ကို ခန္႔ထားၾကေလာ့။ ၿခိဳးၿခံစြာ က်င့္ရေသာအခ်ိန္ကို ေၾကာ္ျငာၾကေလာ့။ အသက္ႀကီးသူမွစ၍ ျပည္သူျပည္သား အေပါင္းတို႔ကို သင္တို႔ဘုရားသခင္ ထာဝရဘုရား၏အိမ္ေတာ္၌ စည္းေဝး၍ ထာဝရဘုရားအား ဟစ္ေၾကာ္ၾကေလာ့။
Burmese MCLZV
အစာေရွာင္ၾကရန္အမိန႔္မ်ားကိုထုတ္ ျပန္ကာ လူထုစည္းေဝးပြဲတစ္ရပ္ကိုက်င္းပၾကေလာ့။ သင္တို႔ဘုရားသခင္ထာဝရဘုရား၏ဗိမာန္ ေတာ္တြင္ ေခါင္းေဆာင္မ်ားႏွင့္၊ယုဒျပည္သားအေပါင္း ကို စုေဝးေစၿပီးလၽွင္၊ ကိုယ္ေတာ္၏ထံေတာ္သို႔ဟစ္ေအာ္ၾကေလာ့။
Burmese MSBU
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
Burmese MSBZ
အစာေရွာင္ဖို႔ အသင့္ျပင္ၾကေလာ့။ ဓမၼစည္းေဝးပြဲကို ဆင့္ေခၚၾကေလာ့။ သက္ႀကီးဝါႀကီးမ်ား၊ ျပည္သူျပည္သားမ်ားအားလုံး သင္တို႔ဘုရားသခင္ထာဝရဘုရား၏အိမ္ေတာ္၌ စု႐ုံး၍ ထာဝရဘုရားထံ ေအာ္ဟစ္ၾကေလာ့။