Joel 1:6 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျိုင်း​ကောင်​အုပ်​ကြီး​သည်​ငါ​တို့​ပြည်​ကို​တိုက်​ခိုက်​လှ​လေ​ပြီ။ သူ​တို့​သည်​အား​အင်​ကြီး​၍​မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​ကြ​၏။ သူ​တို့​၏​သွား​များ​သည်​ခြင်္သေ့​သွား​ကဲ့​သို့​ထက်​မြက်​၏။
Burmese 1835 Version Judson
အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုးသား၏ သွားသည် ခြင်္သေ့သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မအံသွားကဲ့သို့၎င်း ဖြစ်၏။
Burmese 1928
ခွန် အား ကြီး လျက် ရေ တွက်၍ မ ရ၊ ခြင်္သေ့ ကဲ့ သို့ သွား၊ သီ ဟ ကဲ့ သို့ အ စွယ် နှင့် ပြည့် စုံ သော အ လုံး အ ရင်း သည်၊ ငါ့ ပြည် ပေါ် သို့ တက် ချီ၍၊
Burmese 2021
အ​ကြောင်း​မူ​ကား၊ အား​ကြီး၍ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော အ​မျိုး​သည် ငါ့​ပြည်​ပေါ်​သို့ တက်​လာ​ပြီ။ ထို​အ​မျိုး၏ သွား​သည် ခြင်္သေ့​သွား​ကဲ့​သို့​လည်း​ကောင်း၊ အံ​သွား​သည်​လည်း ခြင်္သေ့​မ အံ​သွား​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။
Burmese JBZV
အ​ေၾကာင္း​မူ​ကား၊ အား​ႀကီး၍ မ​ေရ​တြက္​နိုင္​ေအာင္ မ်ား​ျပား​ေသာ အ​မ်ိဳး​သည္ ငါ့​ျပည္​ေပၚ​သို႔ တက္​လာ​ၿပီ။ ထို​အ​မ်ိဳး၏ သြား​သည္ ျခေသၤ့​သြား​ကဲ့​သို႔​လည္း​ေကာင္း၊ အံ​သြား​သည္​လည္း ျခေသၤ့​မ အံ​သြား​ကဲ့​သို႔​လည္း​ေကာင္း​ျဖစ္၏။
Burmese MCLZV
က်ိဳင္း​ေကာင္​အုပ္​ႀကီး​သည္​ငါ​တို႔​ျပည္​ကို တိုက္​ခိုက္​လွ​ေလ​ၿပီ။ သူ​တို႔​သည္​အား​အင္​ႀကီး​၍​မ​ေရ​မ​တြက္ နိုင္​ေအာင္ မ်ား​ျပား​ၾက​၏။ သူ​တို႔​၏​သြား​မ်ား​သည္​ျခေသၤ့​သြား​ကဲ့​သို႔ ထက္​ျမက္​၏။
Burmese MSBU
အင်အားကြီး​ပြီး မ​ရေ​မ​တွက်​နိုင်​သည့် လူမျိုး​တစ်မျိုး​သည် ငါ့​ပြည်​သို့ စစ်ချီ​လာ​ပြီ​။ ထို​လူမျိုး​၏​သွား​သည် ခြင်္သေ့ပျို​၏​သွား​နှင့်​တူ​၏​။ အစွယ်​သည်​လည်း ခြင်္သေ့မ​၏​အစွယ်​နှင့်​တူ​၏​။
Burmese MSBZ
အင္အားႀကီး​ၿပီး မ​ေရ​မ​တြက္​ႏိုင္​သည့္ လူမ်ိဳး​တစ္မ်ိဳး​သည္ ငါ့​ျပည္​သို႔ စစ္ခ်ီ​လာ​ၿပီ​။ ထို​လူမ်ိဳး​၏​သြား​သည္ ျခေသၤ့ပ်ိဳ​၏​သြား​ႏွင့္​တူ​၏​။ အစြယ္​သည္​လည္း ျခေသၤ့မ​၏​အစြယ္​ႏွင့္​တူ​၏​။