Joel 2:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။
Burmese 1835 Version Judson
ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
Burmese 1928
ဇိ အုန် မြို့၌ တံ ပိုး မှုတ် လျက်၊ သန့် ရှင်း ရာ ငါ့ တောင် ပေါ် တွင် အ ချက် သံ ပေး ကြ လော့။ ပြည် သူ ပြည် သား အ ပေါင်း တို့ တုန် လှုပ် ကြ စေ။ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့၍ မှောင် ကျ ရာ နေ့၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ နီး ကပ်၍ ရောက် အံ့ ဆဲ ဖြစ်၏။ ခွန် အား ကြီး၍ များ ပြား သ ဖြင့်၊ ရှေး ကာ လ က မ ဖြစ် စ ဘူး၊ နောင် ကာ လ အ စဉ် အ ဆက် မ ဖြစ် လ တ္တံ့ သော အ လုံး အ ရင်း သည်၊ တောင် တန်း ပေါ် တွင်၊ အ မိုက် တိုက် ကဲ့ သို့ ဖုံး လွှမ်း ကြ သည် တ ကား။
Burmese 2021
ဇိ​အုန်​တောင်​ပေါ်​မှာ တံ​ပိုး​ကို မှုတ်​ကြ​လော့။ သန့်​ရှင်း​သော ငါ​တောင်​ပေါ်​မှာ သ​တိ​ပေး​သော အ​သံ​ကို ပြု​ကြ​လော့။ ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ၍ နီး​ပြီ။
Burmese JBZV
ဇိ​အုန္​ေတာင္​ေပၚ​မွာ တံ​ပိုး​ကို မွုတ္​ၾက​ေလာ့။ သန္႔​ရွင္း​ေသာ ငါ​ေတာင္​ေပၚ​မွာ သ​တိ​ေပး​ေသာ အ​သံ​ကို ျပဳ​ၾက​ေလာ့။ ျပည္​သူ​ျပည္​သား အ​ေပါင္း​တို႔​သည္ တုန္​လွုပ္​ၾက​ေစ။ အ​ေၾကာင္း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ေန႔​ရက္​သည္ လာ၍ နီး​ၿပီ။
Burmese MCLZV
ဘု​ရား​သ​ခင္​၏​ေတာင္​ေတာ္​ျမတ္​တည္း​ဟူ​ေသာ ဇိ​အုန္​ေတာင္​ေပၚ​တြင္​တံ​ပိုး​ခ​ရာ​မွုတ္​ၾက​ေလာ့။ ႏွိုး​ေဆာ္​သံ​ေပး​ၾက​ေလာ့။ ယု​ဒ​ျပည္​သူ​တို႔​တုန္​လွုပ္​ၾက​ေလာ့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင္​ေတာ္​မူ​ရာ​ေန႔​ရက္ ကာ​လ​သည္​မ​ၾကာ​မီ​က်​ေရာက္​လာ​လိမ့္​မည္။
Burmese MSBU
ဇိအုန်​တောင်​ပေါ်တွင် တံပိုး​မှုတ်​ကြ​လော့​။ ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​ပေါ်တွင် သတိပေးသံပြု​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် လာ​နေ​ပြီ​၊ အမှန်ပင် ရောက်​လု​နီး​ပြီ​ဖြစ်​သောကြောင့် ပြည်သူပြည်သား​အပေါင်း​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။
Burmese MSBZ
ဇိအုန္​ေတာင္​ေပၚတြင္ တံပိုး​မႈတ္​ၾက​ေလာ့​။ ငါ​၏​သန႔္ရွင္း​ရာ​ေတာင္​ေတာ္​ေပၚတြင္ သတိေပးသံျပဳ​ၾက​ေလာ့​။ ထာဝရဘုရား​၏​ေန႔ရက္​သည္ လာ​ေန​ၿပီ​၊ အမွန္ပင္ ေရာက္​လု​နီး​ၿပီ​ျဖစ္​ေသာေၾကာင့္ ျပည္သူျပည္သား​အေပါင္း​တို႔ ထိတ္လန႔္တုန္လႈပ္​ၾက​ေလာ့​။