John 1:16 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
Burmese 1835 Version Judson
ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။
Burmese 1928
ပညတ်တရားတော်ကိုမောရှေအားဖြင့်ရသည်မှန်၏။ ယေရှုခရစ်အားဖြင့်မူကား ကျေးဇူးတော်နှင့် သစ္စာတော်သက်ရောက်သည်ဖြစ်၍ ငါတို့ရှိသမျှသည် ကိုယ်တော်၏အပြည့်အစုံမှ ကျေးဇူးတော်ကိုအထပ်ထပ်ခံရကြလေပြီ။
Burmese 2021
ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။-
Burmese JBZV
ထိုသူ၏ျပည့္စုံျခင္းမွလည္း ေက်းဇူးတစ္ပါး၌ ထပ္ဆင့္၍ ေက်းဇူးတစ္ပါးကို ငါတို႔ရွိသမၽွသည္ခံရၾကၿပီ။-
Burmese MCLZV
ကိုယ္ေတာ္သည္ေက်းဇူးေတာ္ျပည့္စုံႂကြယ္ဝေတာ္ မူသည္ႏွင့္အညီ ငါတို႔အားေကာင္းခ်ီးမဂၤလာ တစ္ပါးၿပီးတစ္ပါးခ်ေပးေတာ္မူ၏။-
Burmese MSBU
အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
Burmese MSBZ
အကြၽႏ္ုပ္တို႔အားလုံးသည္ ထိုအရွင္၏ျပည့္စုံေတာ္မူျခင္းထဲမွ ေက်းဇူးေတာ္အေပၚ၌ ထပ္ဆင့္၍ ေက်းဇူးေတာ္ကိုခံစားရၾကၿပီ။