John 12:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
Burmese 1835 Version Judson
ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။
Burmese 1928
ထိုသို့ဆိုသည်မှာ သူဆင်းရဲများကိုဂရုပြုသောကြောင့်မဟုတ်။ ငွေအိတ်လွယ်သူဖြစ်၍ ထည့်သွင်းငွေကိုယူတတ်သော သူခိုးဖြစ်သောကြောင့်တည်း။
Burmese 2021
ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကို ထောက်၍ ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန် ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ ဆိုသတည်း။-
Burmese JBZV
ထိုသို႔ဆိုေသာ္၊ ဆင္းရဲေသာသူတို႔အက်ိဳးကို ေထာက္၍ ဆိုသည္မဟုတ္။ မိမိသည္ သူခိုးျဖစ္လ်က္၊ တပည့္ေတာ္မ်ားသုံးရန္ ေငြအိတ္ကိုေဆာင္၍ ႏွိုက္ယူတတ္ေသာေၾကာင့္သာ ဆိုသတည္း။-
Burmese MCLZV
ဤသို႔ေျပာဆိုရာ၌သူသည္ဆင္းရဲသူတို႔ အားၾကင္နာေထာက္ထား၍မဟုတ္၊ ခိုးဝွက္ တတ္သူျဖစ္၍သာလၽွင္ေျပာဆိုျခင္းျဖစ္၏။ သူသည္ေငြအိတ္ကိုလြယ္ရသူျဖစ္၍ေငြမ်ား ကိုခိုးယူသုံးစြဲေလ့ရွိသတည္း။
Burmese MSBU
ထိုသို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့၏အကျိုးကို ထောက်ထားငဲ့ညှာ၍မဟုတ်ဘဲ မိမိသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုထိန်းသိမ်းရင်း ထည့်ဝင်ငွေကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
Burmese MSBZ
ထိုသို႔ဆိုျခင္းမွာ သူသည္ ဆင္းရဲသားတို႔၏အက်ိဳးကို ေထာက္ထားငဲ့ညႇာ၍မဟုတ္ဘဲ မိမိသည္ သူခိုးျဖစ္ၿပီး ေငြအိတ္ကိုထိန္းသိမ္းရင္း ထည့္ဝင္ေငြကို ႏႈိက္ယူေလ့ရွိေသာေၾကာင့္ျဖစ္၏။