John 13:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်သည်တပည့်တော်တို့၏ခြေကိုဆေး ပြီးနောက် ဝတ်လုံတော်ကိုပြန်၍ဝတ်ပြီးလျှင် ထိုင်တော်မူ၏။ ကိုယ်တော်က ``သင်တို့အတွက် ငါပြုခဲ့သောအမှုအရာကိုနားလည်ကြ သလော။-
Burmese 1835 Version Judson
ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော။
Burmese 1928
ကိုယ်တော်သည် တပည့်တော်တို့၏ခြေများကိုဆေး၍ ဝတ်လုံတော်ကိုဝတ်ဆင်ပြီးလျှင် ထိုင်ပြန်တော်မူသည့်ကာလ၊ သင်တို့၌ငါပြုခဲ့သောအမှုကို နားလည်ကြသလော။
Burmese 2021
ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။-
Burmese JBZV
ထိုသို႔သူတို႔၏ ေျခကိုေဆးေတာ္မူၿပီးမွ တစ္ဖန္ဝတ္လုံကိုဝတ္၍ ေလ်ာင္းေတာ္မူလ်က္၊ သင္တို႔၌ ငါျပဳခဲ့ေသာအမွုကို နားလည္ၾကသေလာ။-
Burmese MCLZV
ကိုယ္ေတာ္သည္တပည့္ေတာ္တို႔၏ေျခကိုေဆး ၿပီးေနာက္ ဝတ္လုံေတာ္ကိုျပန္၍ဝတ္ၿပီးလၽွင္ ထိုင္ေတာ္မူ၏။ ကိုယ္ေတာ္က ``သင္တို႔အတြက္ ငါျပဳခဲ့ေသာအမွုအရာကိုနားလည္ၾက သေလာ။-
Burmese MSBU
ထိုသို့ သူတို့၏ခြေကိုဆေးပြီးသောအခါ ကိုယ်တော်သည် ဝတ်ရုံတော်ကိုပြန်ဝတ်၍ တစ်ဖန်ထိုင်တော်မူပြီးလျှင် တပည့်တော်တို့အားမြွက်ဆိုတော်မူသည်မှာ “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။
Burmese MSBZ
ထိုသို႔ သူတို႔၏ေျခကိုေဆးၿပီးေသာအခါ ကိုယ္ေတာ္သည္ ဝတ္႐ုံေတာ္ကိုျပန္ဝတ္၍ တစ္ဖန္ထိုင္ ေတာ္မူၿပီးလွ်င္ တပည့္ေတာ္တို႔အားႁမြက္ဆိုေတာ္မူသည္မွာ “သင္တို႔၌ ငါျပဳခဲ့ေသာအရာကို နားလည္ၾကသေလာ။