John 19:31 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​ထား​သူ​များ​၏​ခြေ​တို့​ကို​ချိုး​၍ အ​လောင်း​များ​ကို​ယူ​ဆောင်​သွား​ခွင့်​ပြု​ရန် ပိ​လတ်​မင်း​အား​တောင်း​လျှောက်​ကြ​၏။ သူ​တို့ ဤ​သို့​တောင်း​လျှောက်​ကြ​ရ​ခြင်း​မှာ​ထို​နေ့ သည်​အ​ဖိတ်​နေ့​ဖြစ်​၍​ဥ​ပုသ်​နေ့​၌ အ​လောင်း များ​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​မ​ရှိ​စေ​လို သော​ကြောင့်​လည်း​ကောင်း၊ ထို​ဥ​ပုသ်​နေ့​သည် လည်း​နေ့​ထူး​နေ့​မြတ်​ဖြစ်​သော​ကြောင့် လည်း​ကောင်း​ဖြစ်​ပေ​သည်။-
Burmese 1835 Version Judson
ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ ပိလတ်မင်းထံသို့ဝင် ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။
Burmese 1928
ထိုနေ့သည်အဖိတ်နေ့ဖြစ်၍ နောက်ဥပုသ်နေ့လည်းနေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဥပုသ်နေ့တွင် ကားတိုင်များပေါ်မှာမရှိစေခြင်းငှါ ခြေများကိုချိုး၍ အလောင်းများကိုယူသွားခွင့်ပေးမည့်အကြောင်း ပိလတ်မင်းထံ ယုဒလူမျိုးတို့တောင်းပန်ကြသည့်အတိုင်း၊
Burmese 2021
ထို​နေ့​သည် အ​ဖိတ်​နေ့​ဖြစ်၍၊ နက်​ဖြန်​နေ့​လည်း ကြီး​မြတ်​သော​ဥ​ပုသ်​နေ့​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​သည် ထောက်၍၊ အ​လောင်း​ကောင်​တို့​ကို ဥ​ပုသ်​နေ့၌ လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ မ​ရှိ​စေ​ခြင်း​ငှာ ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်၊ ခြေ​ကို​ချိုး၍ ထို​အ​လောင်း​ကောင်​တို့​ကို ယူ​သွား​ရ​မည်​အ​ကြောင်း အ​ခွင့်​တောင်း​ကြ၏။-
Burmese JBZV
ထို​ေန႔​သည္ အ​ဖိတ္​ေန႔​ျဖစ္၍၊ နက္​ျဖန္​ေန႔​လည္း ႀကီး​ျမတ္​ေသာ​ဥ​ပုသ္​ေန႔​ျဖစ္​သည္​ကို ယု​ဒ​လူ​တို႔​သည္ ေထာက္၍၊ အ​ေလာင္း​ေကာင္​တို႔​ကို ဥ​ပုသ္​ေန႔၌ လက္​ဝါး​ကပ္​တိုင္​ေပၚ​မွာ မ​ရွိ​ေစ​ျခင္း​ငွာ ပိ​လတ္​မင္း​ထံ​သို႔​ဝင္​ၿပီး​လၽွင္၊ ေျခ​ကို​ခ်ိဳး၍ ထို​အ​ေလာင္း​ေကာင္​တို႔​ကို ယူ​သြား​ရ​မည္​အ​ေၾကာင္း အ​ခြင့္​ေတာင္း​ၾက၏။-
Burmese MCLZV
ယု​ဒ​အာ​ဏာ​ပိုင္​တို႔​သည္​လက္​ဝါး​ကပ္​တိုင္ တြင္​တင္​ထား​သူ​မ်ား​၏​ေျခ​တို႔​ကို​ခ်ိဳး​၍ အ​ေလာင္း​မ်ား​ကို​ယူ​ေဆာင္​သြား​ခြင့္​ျပဳ​ရန္ ပိ​လတ္​မင္း​အား​ေတာင္း​ေလၽွာက္​ၾက​၏။ သူ​တို႔ ဤ​သို႔​ေတာင္း​ေလၽွာက္​ၾက​ရ​ျခင္း​မွာ​ထို​ေန႔ သည္​အ​ဖိတ္​ေန႔​ျဖစ္​၍​ဥ​ပုသ္​ေန႔​၌ အ​ေလာင္း မ်ား​ကို​လက္​ဝါး​ကပ္​တိုင္​တြင္​မ​ရွိ​ေစ​လို ေသာ​ေၾကာင့္​လည္း​ေကာင္း၊ ထို​ဥ​ပုသ္​ေန႔​သည္ လည္း​ေန႔​ထူး​ေန႔​ျမတ္​ျဖစ္​ေသာ​ေၾကာင့္ လည္း​ေကာင္း​ျဖစ္​ေပ​သည္။-
Burmese MSBU
ထို​နေ့​သည် ပြင်ဆင်​ရာ​နေ့​ဖြစ်​ပြီး နောက်တစ်နေ့​သည် ကြီးမြတ်​သော​ဥပုသ်နေ့​ဖြစ်​သောကြောင့် ဂျူး​လူမျိုး​တို့​သည် ထို​ဥပုသ်နေ့​တွင် လက်ဝါးကပ်တိုင်​ပေါ်မှာ အလောင်း​များ​မ​ရှိ​စေ​လို​သဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌ တင်​ထား​ခြင်း​ခံရ​သော​သူ​များ​၏​ခြေ​တို့​ကို​ချိုး​ပြီး အလောင်း​များ​ကို​ယူ​သွား​ခွင့်​ပေး​ရန် ပိလတ်​မင်း​ထံ တောင်းဆို​ကြ​၏။
Burmese MSBZ
ထို​ေန႔​သည္ ျပင္ဆင္​ရာ​ေန႔ ​ျဖစ္​ၿပီး ေနာက္တစ္ေန႔​သည္ ႀကီးျမတ္​ေသာ​ဥပုသ္ေန႔​ျဖစ္​ေသာေၾကာင့္ ဂ်ဴး​လူမ်ိဳး ​တို႔​သည္ ထို​ဥပုသ္ေန႔​တြင္ လက္ဝါးကပ္တိုင္​ေပၚမွာ အေလာင္း​မ်ား​မ​ရွိ​ေစ​လို​သျဖင့္ လက္ဝါးကပ္တိုင္​ေပၚ၌ တင္​ထား​ျခင္း​ခံရ​ေသာ​သူ​မ်ား​၏​ေျခ​တို႔​ကို​ခ်ိဳး​ၿပီး အေလာင္း​မ်ား​ကို​ယူ​သြား​ခြင့္​ေပး​ရန္ ပိလတ္​မင္း​ထံ ေတာင္းဆို​ၾက​၏။