John 2:15 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ခါ​ကြိုး​ဖြင့်​နှင်​တံ​ကို​ပြု​လုပ်​ပြီး​လျှင် သိုး​နွား​များ​ကို​ဗိ​မာန်​တော်​ထဲ​မှ​မောင်း​ထုတ် တော်​မူ​၏။ ငွေ​လဲ​လှယ်​သူ​တို့​၏​ငွေ​များ​ကို သွန်​ချ​၍ ငွေ​တင်​ခုံ​များ​ကို​မှောက်​လှန်​ပစ် တော်​မူ​၏။-
Burmese 1835 Version Judson
ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ၏၊
Burmese 1928
ကြိုးမြွာနှင်တံလုပ်ပြီးလျှင် သိုးနွားရှိသမျှကိုမောင်းနှင်၍ ကြေးငွေလဲလှယ်သူတို့၏ငွေနုပ်များကို သွန်ချခြင်း၊ စားပွဲများကိုမှောက်လှန်ခြင်းပြုသည့်ပြင်၊
Burmese 2021
ရိုက်​စ​ရာ​ဖို့ ကြိုး​သေး​များ​ကို ပြု​ပြင်​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား​များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​မှ​နှင်​ထုတ်​တော်​မူ၍၊ ပွဲ​စား​တို့၏ ငွေ​တင်​ခုံ​များ​ကို တွန်း​ပစ်​မှောက်​ထား​တော်​မူ၏၊-
Burmese JBZV
ရိုက္​စ​ရာ​ဖို႔ ႀကိဳး​ေသး​မ်ား​ကို ျပဳ​ျပင္​ၿပီး​မွ၊ ထို​သူ​အ​ေပါင္း​တို႔​ကို​လည္း​ေကာင္း၊ သိုး၊ ႏြား​မ်ား​ကို​လည္း​ေကာင္း၊ ဗိ​မာန္​ေတာ္​မွ​ႏွင္​ထုတ္​ေတာ္​မူ၍၊ ပြဲ​စား​တို႔၏ ေငြ​တင္​ခုံ​မ်ား​ကို တြန္း​ပစ္​ေမွာက္​ထား​ေတာ္​မူ၏၊-
Burmese MCLZV
ထို​အ​ခါ​ႀကိဳး​ျဖင့္​ႏွင္​တံ​ကို​ျပဳ​လုပ္​ၿပီး​လၽွင္ သိုး​ႏြား​မ်ား​ကို​ဗိ​မာန္​ေတာ္​ထဲ​မွ​ေမာင္း​ထုတ္ ေတာ္​မူ​၏။ ေငြ​လဲ​လွယ္​သူ​တို႔​၏​ေငြ​မ်ား​ကို သြန္​ခ်​၍ ေငြ​တင္​ခုံ​မ်ား​ကို​ေမွာက္​လွန္​ပစ္ ေတာ္​မူ​၏။-
Burmese MSBU
ကိုယ်တော်​သည် ကြိုး​များ​ဖြင့် ကျာပွတ်​ကို​ပြုလုပ်​ပြီးလျှင် သိုး၊ နွား​တို့​နှင့်တကွ ထို​သူ​အပေါင်း​တို့​ကို ဗိမာန်​တော်​ထဲမှ​နှင်ထုတ်​၍ ငွေကြေး​လဲလှယ်​သူ​တို့​၏​ဒင်္ဂါး​များ​ကို​သွန်ချ​ကာ သူ​တို့​၏​စားပွဲ​များ​ကို​မှောက်လှန်​တော်မူ​၏။
Burmese MSBZ
ကိုယ္ေတာ္​သည္ ႀကိဳး​မ်ား​ျဖင့္ က်ာပြတ္​ကို​ျပဳလုပ္​ၿပီးလွ်င္ သိုး၊ ႏြား​တို႔​ႏွင့္တကြ ထို​သူ​အေပါင္း​တို႔​ကို ဗိမာန္​ေတာ္​ထဲမွ​ႏွင္ထုတ္​၍ ေငြေၾကး​လဲလွယ္​သူ​တို႔​၏​ဒဂၤါး​မ်ား​ကို​သြန္ခ်​ကာ သူ​တို႔​၏​စားပြဲ​မ်ား​ကို​ေမွာက္လွန္​ေတာ္မူ​၏။