John 4:25 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
အမျိုးသမီးက ``မေရှိယအရှင်ကြွလာတော် မူမည်ကိုကျွန်မသိပါ၏။ ထိုအရှင်ကြွလာ တော်မူသောအခါ ကျွန်မတို့အားအမှုအရာ ခပ်သိမ်းကိုရှင်းလင်းဖော်ပြတော်မူပါလိမ့်မည်'' ဟုလျှောက်၏။
Burmese 1835 Version Judson
မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။
Burmese 1928
ထိုမိန်းမကလည်း ခရစ်တော်ခေါ်မေရှိပေါ်ထွန်းတော်မူကြောင်း ကျွန်မသိပါပြီ။ ပေါ်ထွန်းတော်မူသော် အရာခပ်သိမ်းကိုအကျွန်ုပ်တို့အား ဖော်ပြတော်မူလိမ့်မည်ဟုဆိုရာ၊
Burmese 2021
မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။-
Burmese JBZV
မိန္းမကလည္း၊ ေမရွိယႂကြလာေတာ္မူသည္ဟု အကၽြန္ုပ္သိပါ၏။ ေရာက္ေတာ္မူေသာအခါ အကၽြန္ုပ္တို႔အား အလုံးစုံတို႔ကို ေဖာ္ျပေတာ္မူမည္ဟု ေလၽွာက္ျပန္၏။ ေမရွိယအနက္ကား၊ ခရစ္ေတာ္ဟု ဆိုလိုသတည္း။-
Burmese MCLZV
အမ်ိဳးသမီးက ``ေမရွိယအရွင္ႂကြလာေတာ္ မူမည္ကိုကၽြန္မသိပါ၏။ ထိုအရွင္ႂကြလာ ေတာ္မူေသာအခါ ကၽြန္မတို႔အားအမွုအရာ ခပ္သိမ္းကိုရွင္းလင္းေဖာ္ျပေတာ္မူပါလိမ့္မည္'' ဟုေလၽွာက္၏။
Burmese MSBU
ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
Burmese MSBZ
ထိုအမ်ိဳးသမီးကလည္း “ခရစ္ေတာ္ဟုေခၚေဝၚေသာ ေမရွိယႂကြလာေတာ္မူမည္ကို ကြၽန္မသိပါ၏။ ထိုအရွင္ႂကြလာေတာ္မူေသာအခါ ကြၽန္မတို႔အား အလုံးစုံတို႔ကိုေဖာ္ျပေတာ္မူလိမ့္မည္”ဟု ေလွ်ာက္လွ်င္