John 4:27 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။
Burmese 1835 Version Judson
ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့်အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။
Burmese 1928
ထိုအခါ တပည့်တော်တို့ ပြန်ရောက်ရာ မိန်းမတစ်ယောက်နှင့်ပြောဆိုတော်မူသည်ကို အံ့သြကြသော်လည်း၊ မည်သည့်အလိုတော် မည်သည့်အကြောင်းကြောင့် ထို မိန်းမနှင့်ပြောဆိုတော်မူကြောင်းများကို မည်သူမျှမမေးမလျောက်ဝံ့ချေ။
Burmese 2021
ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။-
Burmese JBZV
ထို​အ​ခါ တ​ပည့္​ေတာ္​တို႔​သည္ ေရာက္​လာ၍၊ ထို​မိန္း​မ​ႏွင့္ စ​ကား​ေျပာ​ေတာ္​မူ​သည္​ကို အံ့​ဩ​ျခင္း​ရွိ​ၾက၏၊ သို႔​ေသာ္​လည္း၊ အ​ဘယ္​အ​လို​ေတာ္​ရွိ​သ​နည္း၊ ထို​မိန္း​မ​ႏွင့္ အ​ဘယ္​ေၾကာင့္ စ​ကား​ေျပာ​ေတာ္​မူ​သ​နည္း​ဟု အ​ဘယ္​သူ​မၽွ​မ​ေလၽွာက္​ၾက။-
Burmese MCLZV
ထို​အ​ခ်ိန္​၌​တ​ပည့္​ေတာ္​တို႔​ျပန္​ေရာက္​လာ ၾက​၏။ သူ​တို႔​သည္​အ​မ်ိဳး​သ​မီး​ႏွင့္​ကိုယ္​ေတာ္ စ​ကား​ေျပာ​လ်က္​ေန​သည္​ကို​ေတြ႕​ရ​သ​ျဖင့္ အံ့​ၾသ​ၾက​၏။ သို႔​ရာ​တြင္​အ​မ်ိဳး​သ​မီး​အား ``အ​ဘယ္​အ​ရာ​ကို​အ​လို​ရွိ​ပါ​သ​နည္း'' ဟူ​၍​လည္း​ေကာင္း၊ ကိုယ္​ေတာ္​အား ``အ​ဘယ္ ေၾကာင့္​ထို​အ​မ်ိဳး​သ​မီး​ႏွင့္​စ​ကား​ေျပာ လ်က္​ေန​ေတာ္​မူ​ပါ​သ​နည္း'' ဟူ​၍​လည္း ေကာင္း​အ​ဘယ္​သူ​မွ​မ​ေမး​ေလၽွာက္​ၾက။
Burmese MSBU
ထို​အချိန်​တွင် တပည့်​တော်​တို့​သည်​ပြန်လာ​၍ အမျိုးသမီး​တစ်​ဦး​နှင့် ယေရှု​စကား​ပြော​လျက်​နေ​တော်မူ​သည်​ကို အံ့သြ​ကြ​၏။ သို့သော် “မည်သည့်​အလိုရှိ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း၊ “အဘယ်ကြောင့် ထို​အမျိုးသမီး​နှင့် စကား​ပြော​လျက်​နေ​တော်မူ​သနည်း”​ဟူ၍​လည်းကောင်း မည်သူမျှ မ​မေးလျှောက်​ကြ​ချေ။
Burmese MSBZ
ထို​အခ်ိန္​တြင္ တပည့္​ေတာ္​တို႔​သည္​ျပန္လာ​၍ အမ်ိဳးသမီး​တစ္​ဦး​ႏွင့္ ေယရႈ​စကား​ေျပာ​လ်က္​ေန​ေတာ္မူ​သည္​ကို အံ့ၾသ​ၾက​၏။ သို႔ေသာ္ “မည္သည့္​အလိုရွိ​ေတာ္မူ​သနည္း”​ဟူ၍​လည္းေကာင္း၊ “အဘယ္ေၾကာင့္ ထို​အမ်ိဳးသမီး​ႏွင့္ စကား​ေျပာ​လ်က္​ေန​ေတာ္မူ​သနည္း”​ဟူ၍​လည္းေကာင္း မည္သူမွ် မ​ေမးေလွ်ာက္​ၾက​ေခ်။