John 5:20 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ခ​မည်း​တော်​သည်​သား​တော်​ကို​ချစ်​တော်​မူ သ​ဖြင့် မိ​မိ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​များ ကို​သား​တော်​အား​ပြ​သ​တော်​မူ​၏။ ဤ​အ​မှု အ​ရာ​များ​ထက်​ပင်​ကြီး​စွာ​သော​အ​မှု​အ​ရာ များ​ကို​ပြု​ရန် ခ​မည်း​တော်​သည်​သား​တော်​အား ပြ​သ​ပေး​မည်​ဖြစ်​၍​သင်​တို့​သည်​အံ့​သြ ကြ​လိမ့်​မည်။-
Burmese 1835 Version Judson
ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ကြီးစွာသော အမူအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။
Burmese 1928
ခမည်းတော်သည် သားတော်ကိုချစ်၍ ကိုယ်တော်တိုင်ပြုတော်မူသမျှကိုပြသတော်မူ၏။ သင်တို့အံ့သြရစေခြင်းငှါ ယခုထက်ကြီးမြတ်သောအမှုများကိုလည်း သားတော်အားပြသတော်မူသည်မှာ၊
Burmese 2021
ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-
Burmese JBZV
ခ​မည္း​ေတာ္​သည္ သား​ေတာ္​ကို​ခ်စ္​ေတာ္​မူ၍ ျပဳ​ေတာ္​မူ​သ​မၽွ​တို႔​ကို သား​ေတာ္​အား​ျပ​ေတာ္​မူ၏။ သင္​တို႔​သည္ အံ့​ဩ​ဖြယ္​ရွိ​ေစ​ျခင္း​ငွာ ဤ​မၽွ​မ​က သာ၍​ႀကီး​စြာ​ေသာ အ​မူ​အ​ရာ​တို႔​ကို သား​ေတာ္​အား​ျပ​ေတာ္​မူ​လိမ့္​မည္။-
Burmese MCLZV
ခ​မည္း​ေတာ္​သည္​သား​ေတာ္​ကို​ခ်စ္​ေတာ္​မူ သ​ျဖင့္ မိ​မိ​ျပဳ​သ​မၽွ​ေသာ​အ​မွု​အ​ရာ​မ်ား ကို​သား​ေတာ္​အား​ျပ​သ​ေတာ္​မူ​၏။ ဤ​အ​မွု အ​ရာ​မ်ား​ထက္​ပင္​ႀကီး​စြာ​ေသာ​အ​မွု​အ​ရာ မ်ား​ကို​ျပဳ​ရန္ ခ​မည္း​ေတာ္​သည္​သား​ေတာ္​အား ျပ​သ​ေပး​မည္​ျဖစ္​၍​သင္​တို႔​သည္​အံ့​ၾသ ၾက​လိမ့္​မည္။-
Burmese MSBU
ခမည်းတော်​သည် သား​တော်​ကို​ချစ်​တော်မူ​သောကြောင့် မိမိ​ပြု​တော်မူ​သမျှ​တို့​ကို သား​တော်​အား​ပြ​တော်မူ​၏။ သင်​တို့​အံ့သြ​ခြင်း​ရှိ​ကြ​စေရန် ဤ​ထက်​ကြီးမြတ်​သော​အမှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်မူ​လိမ့်မည်။
Burmese MSBZ
ခမည္းေတာ္​သည္ သား​ေတာ္​ကို​ခ်စ္​ေတာ္မူ​ေသာေၾကာင့္ မိမိ​ျပဳ​ေတာ္မူ​သမွ်​တို႔​ကို သား​ေတာ္​အား​ျပ​ေတာ္မူ​၏။ သင္​တို႔​အံ့ၾသ​ျခင္း​ရွိ​ၾက​ေစရန္ ဤ​ထက္​ႀကီးျမတ္​ေသာ​အမႈ​တို႔​ကို​လည္း သား​ေတာ္​အား ျပ​ေတာ္မူ​လိမ့္မည္။