John 6:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လှေပေါ်သို့တက်ကြပြီးလျှင်အိုင်တစ်ဖက်ကမ်း ရှိကပေရနောင်မြို့သို့ပြန်သွားကြ၏။ မိုးချုပ် လာသော်လည်းသခင်ယေရှုကားသူတို့ထံသို့ မကြွမရောက်သေး။-
Burmese 1835 Version Judson
ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။
Burmese 1928
လှေစီးလျက် ကပေရနောင်မြို့သို့ကူးနေကြရာ မိုးချုပ်၍လေပြင်းကျသဖြင့် လှိုင်းတံပိုးထသည့်ကာလ ယေရှုသည်သူတို့ထံမကြွမရောက်သေး။
Burmese 2021
ထိုအခါမှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ ရှိရာသို့မရောက်သေး။-
Burmese JBZV
ထိုအခါေမွာင္မိုက္ျဖစ္၍ ေယရွုသည္ သူတို႔ ရွိရာသို႔မေရာက္ေသး။-
Burmese MCLZV
ေလွေပၚသို႔တက္ၾကၿပီးလၽွင္အိုင္တစ္ဖက္ကမ္း ရွိကေပရေနာင္ၿမိဳ႕သို႔ျပန္သြားၾက၏။ မိုးခ်ဳပ္ လာေသာ္လည္းသခင္ေယရွုကားသူတို႔ထံသို႔ မႂကြမေရာက္ေသး။-
Burmese MSBU
လှေပေါ်တက်ပြီးလျှင် ပင်လယ်တစ်ဖက်ကမ်းရှိ ကပေရနောင်မြို့သို့ ကူးသွားကြ၏။ မိုးချုပ်ပြီဖြစ်သော်လည်း ယေရှုသည် သူတို့ထံသို့မရောက်လာသေး။
Burmese MSBZ
ေလွေပၚတက္ၿပီးလွ်င္ ပင္လယ္တစ္ဖက္ကမ္းရွိ ကေပရေနာင္ၿမိဳ႕သို႔ ကူးသြားၾက၏။ မိုးခ်ဳပ္ၿပီျဖစ္ေသာ္လည္း ေယရႈသည္ သူတို႔ထံသို႔မေရာက္လာေသး။