John 6:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။-
Burmese 1835 Version Judson
အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာ အရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များ လာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတပါး အဘယ်လှေမျှမရှိသည်ကို၎င်း၊ ယေရှုသည်ထိုလှေထဲသို့ တပည့်တော်နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့် တော်တို့သာ သွားသည်ကို၎င်း မြင်ကြ၍၊
Burmese 1928
သိမြင်ကြသည့်ပြင်၊ ယေရှုနှင့်တပည့်တော်တို့သည်ထိုအရပ်၌မရှိရစ်ကြောင်းတွေ့မြင်ကြသည့်ကာလ ကျေးဇူးတော်ကိုအရှင်ဘုရားချီးမွမ်းပြီးနောက် အစာစားခဲ့ကြရာအရပ်အနီးသို့ တိဗေရိမြို့လှေများဆိုက်ရောက်သဖြင့် ထိုလှေများကိုစီး၍ ယေရှုကိုရှာရန်ကပေရနောင်မြို့ရောက်သွားကြ၏။
Burmese 2021
အထက်ကသခင်ဘုရားသည် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ၊ လူများသည် မုန့်ကိုစားကြရာအရပ်နှင့် အနီး၊ တိဗေရိမြို့မှ အခြားသောလှေငယ်များလာသော်လည်း၊ မနေ့၌ တပည့်တော်တို့ဝင်သော လှေမှတစ်ပါး အဘယ်လှေမျှ မရှိသည်ကိုလည်းကောင်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့ နှင့်အတူ ဝင်တော်မမူဘဲလျက်၊ တပည့်တော်တို့သာ သွားသည်ကိုလည်းကောင်း မြင်ကြ၍၊-
Burmese JBZV
အထက္ကသခင္ဘုရားသည္ ေက်းဇူးေတာ္ကိုခ်ီးမြမ္းၿပီးမွ၊ လူမ်ားသည္ မုန္႔ကိုစားၾကရာအရပ္ႏွင့္ အနီး၊ တိေဗရိၿမိဳ႕မွ အျခားေသာေလွငယ္မ်ားလာေသာ္လည္း၊ မေန႔၌ တပည့္ေတာ္တို႔ဝင္ေသာ ေလွမွတစ္ပါး အဘယ္ေလွမၽွ မရွိသည္ကိုလည္းေကာင္း၊ ေယရွုသည္ ထိုေလွထဲသို႔ တပည့္ေတာ္တို႔ ႏွင့္အတူ ဝင္ေတာ္မမူဘဲလ်က္၊ တပည့္ေတာ္တို႔သာ သြားသည္ကိုလည္းေကာင္း ျမင္ၾက၍၊-
Burmese MCLZV
သို႔ေသာ္လည္းတိေဗရိၿမိဳ႕မွလာေသာေလွမ်ား သည္သခင္ဘုရားေက်းဇူးေတာ္ကိုခ်ီးမြမ္း၍ လူပရိသတ္အားမုန႔္ကိုေကၽြးေမြးေတာ္မူခဲ့ သည့္အရပ္အနီးသို႔ဆိုက္ေရာက္လာၾက၏။-
Burmese MSBU
သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
Burmese MSBZ
သို႔ေသာ္ တိေဗရိၿမိဳ႕မွ အျခားေလွငယ္မ်ားသည္ သခင္ဘုရားေက်းဇူးေတာ္ခ်ီးမြမ္း၍ လူမ်ားမုန႔္ကိုစားခဲ့ရာအရပ္အနီးသို႔ ေရာက္လာၾကေသာအခါ