Joshua 10:11 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ဣ​သ​ရေ​လ​တပ်​သား​များ​တိုက်​ခိုက်​သ​ဖြင့် အာ​မော​ရိ​တပ်​သား​တို့​သည် တောင်​ကြား​လမ်း သို့​ဆင်း​ပြေး​ကြ​စဉ်​အ​ဇေ​ကာ​မြို့​အ​ထိ လမ်း​တစ်​လျှောက်​လုံး​တွင်​ကောင်း​ကင်​မှ​မိုး​သီး လုံး​ကြီး​များ​ကို​သူ​တို့​အ​ပေါ်​သို့​ထာ​ဝ​ရ ဘု​ရား​ရွာ​ကျ​စေ​တော်​မူ​၏။ မိုး​သီး​ဒဏ် ကြောင့်​သေ​သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​လက်​ချက်​ကြောင့်​သေ​သူ​တို့ ထက်​ပို​၍​များ​သ​တည်း။
Burmese 1835 Version Judson
ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
Burmese 1928
ထို သို့ ဣ သ ရေ လ တပ် ရှေ့ ဗေ သော ရုန် မြို့ အ ဆင်း လမ်း ဖြင့် ပြေး ကြ စဉ်၊ ထာ ဝ ရ ဘု ရား သည် အ ဇေ ကာ မြို့ တိုင် အောင် လမ်း တစ် လျှောက် ကြီး စွာ သော မိုး သီး များ ကို သွန် ချ တော် မူ သည် နှင့် မိုး သီး ကြောင့် သေ သူ တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ဓား ကြောင့် သေ သည် ထက် များ သ တည်း။
Burmese 2021
ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။
Burmese JBZV
ထို​သူ​တို႔​သည္ ဣ​သ​ေရ​လ​လူ​တို႔​ေရွ႕​မွာ​ေျပး၍ ေဗ​ေသာ​႐ုန္​ၿမိဳ႕​သို႔ ဆင္း​သြား​ရာ​တြင္၊ ထာ​ဝ​ရ​ဘု​ရား​သည္ မိုး​ေကာင္း​ကင္​မွ ႀကီး​စြာ​ေသာ မိုး​သီး​ကို အ​ေဇ​ကာ​ၿမိဳ႕​တိုင္​ေအာင္ သူ​တို႔​အ​ေပၚ၌ ခ်​ေတာ္​မူ၍၊ သူ​တို႔​သည္ ဣ​သ​ေရ​လ​လူ​တို႔၏ ဓား​ေၾကာင့္​ေသ​သည္​ထက္ မိုး​သီး​ေၾကာင့္ သာ၍​ေသ​ၾက၏။
Burmese MCLZV
ဣ​သ​ေရ​လ​တပ္​သား​မ်ား​တိုက္​ခိုက္​သ​ျဖင့္ အာ​ေမာ​ရိ​တပ္​သား​တို႔​သည္ ေတာင္​ၾကား​လမ္း သို႔​ဆင္း​ေျပး​ၾက​စဥ္​အ​ေဇ​ကာ​ၿမိဳ႕​အ​ထိ လမ္း​တစ္​ေလၽွာက္​လုံး​တြင္​ေကာင္း​ကင္​မွ​မိုး​သီး လုံး​ႀကီး​မ်ား​ကို​သူ​တို႔​အ​ေပၚ​သို႔​ထာ​ဝ​ရ ဘု​ရား​ရြာ​က်​ေစ​ေတာ္​မူ​၏။ မိုး​သီး​ဒဏ္ ေၾကာင့္​ေသ​သူ​တို႔​သည္ ဣ​သ​ေရ​လ​အ​မ်ိဳး သား​တို႔​၏​လက္​ခ်က္​ေၾကာင့္​ေသ​သူ​တို႔ ထက္​ပို​၍​မ်ား​သ​တည္း။
Burmese MSBU
ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။
Burmese MSBZ
ထို​သူ​တို႔​သည္ အစၥေရး​စစ္သည္​တို႔​ေရွ႕​မွ ထြက္ေျပး​ၾက​၍ ေဗေသာ႐ုန္​ၿမိဳ႕​မွ ဆင္းသြား​ရာ​လမ္း​တြင္ အေဇကာ​ၿမိဳ႕​တိုင္ေအာင္ ထာဝရဘုရား​သည္ ေကာင္းကင္​မွ မိုးသီးလုံးႀကီး​မ်ား​ကို သူ​တို႔​အေပၚ က်​ေစ​ေတာ္မူ​သျဖင့္ သူ​တို႔​ေသ​ကုန္​၏​။ အစၥေရး​အမ်ိဳးသား​တို႔​၏​ဓား​ျဖင့္​ေသ​ေသာ​သူ​ထက္ မိုးသီး​ေၾကာင့္​ေသ​ေသာ​သူ​ပိုမ်ား​၏​။