Joshua 10:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယောရှုနှင့်ဣသရေလအမျိုးသားတို့သည် ရန်သူမြောက်မြားစွာတို့ကိုသတ်ဖြတ်ကြ၏။ သို့ရာတွင်ရန်သူအချို့တို့သည်လွတ်မြောက် ၍တံတိုင်းကာရံထားသောမြို့များထဲသို့ ဝင်ရောက်ခိုအောင်းသဖြင့်အသက်ချမ်းသာ ရာရကြ၏။-
Burmese 1835 Version Judson
ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။
Burmese 1928
ထို သို့ ယော ရှု မှ စ၍ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ရန် သူ ဟူ သ မျှ ကို အ ဆုံး သတ် လုပ် ကြံ၍ ကြွင်း ကျန် သူ တို့ လည်း ခံ တပ် မြို့ များ သို့ ခို ဝင် ကြ သော အ ခါ၊
Burmese 2021
ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ဝင်၍ နေကြ၏။
Burmese JBZV
Burmese MCLZV
Burmese MSBU
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး အပြီးတိုင်ချေမှုန်းခဲ့၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည် ခံတပ်မြို့သို့ ပြေးဝင်ကြ၏။
Burmese MSBZ