Joshua 10:27 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နေဝင်ချိန်သို့ရောက်သော်ယောရှုကအလောင်း များကိုသစ်ပင်ပေါ်မှဖြုတ်ချ၍ သူတို့ပုန်း အောင်းနေခဲ့သောလိုဏ်ဂူထဲသို့ပစ်သွင်းရန် အမိန့်ပေးလေသည်။ ထိုနောက်လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့်ပိတ်ထားစေရာ ယနေ့တိုင်ကျောက်တုံးကြီးများကိုတွေ့ မြင်နိုင်သည်။
Burmese 1835 Version Judson
နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
Burmese 1928
နေ ဝင် ချိန် တွင် ယော ရှု အ မိန့် အ ရ၊ အ လောင်း များ ကို ဖြုတ်၍၊ ပုန်း အောင်း ခဲ့ သော ဥမင် အ တွင်း ချ ထား ပြီး လျှင် ဥမင် ဝ ကို ကြီး စွာ သော ကျောက် များ ဖြင့် ပိတ် ဆို့ လျက် ယ နေ့ တိုင် တည် ရှိ သ တည်း။
Burmese 2021
နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည်အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုဏ်ခေါင်း၌ပစ်ထား၍၊ လိုဏ်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင်ရှိ၏။
Burmese JBZV
ေနဝင္ခ်ိန္ေရာက္ေသာအခါ၊ ေယာရွုစီရင္သည္အတိုင္း သစ္ပင္မွခ်ၿပီးလၽွင္၊ သူတို႔ပုန္းလ်က္ေနရာ လိုဏ္ေခါင္း၌ပစ္ထား၍၊ လိုဏ္ေခါင္းဝေပၚမွာ ႀကီးစြာေသာ ေက်ာက္တို႔ကို စုပုံၾက၏။ ထိုေက်ာက္ပုံသည္ ယေန႔တိုင္ေအာင္ရွိ၏။
Burmese MCLZV
ေနဝင္ခ်ိန္သို႔ေရာက္ေသာ္ေယာရွုကအေလာင္း မ်ားကိုသစ္ပင္ေပၚမွျဖဳတ္ခ်၍ သူတို႔ပုန္း ေအာင္းေနခဲ့ေသာလိုဏ္ဂူထဲသို႔ပစ္သြင္းရန္ အမိန႔္ေပးေလသည္။ ထိုေနာက္လိုဏ္ဂူဝကို ေက်ာက္တုံးႀကီးမ်ားျဖင့္ပိတ္ထားေစရာ ယေန႔တိုင္ေက်ာက္တုံးႀကီးမ်ားကိုေတြ႕ ျမင္နိုင္သည္။
Burmese MSBU
နေဝင်ချိန်ရောက်သောအခါ ယောရှုအမိန့်ပေးသဖြင့် ထိုရှင်ဘုရင်တို့၏အလောင်းကို သစ်ပင်ပေါ်မှချပြီး သူတို့ပုန်းအောင်းခဲ့သည့်လိုဏ်ဂူထဲသို့ ပစ်ထည့်ကာ လိုဏ်ဂူဝကို ကျောက်တုံးကြီးများဖြင့် ပိတ်ထားလေ၏။ ထိုကျောက်တုံးကြီးများသည် ယနေ့တိုင် ရှိသေး၏။
Burmese MSBZ
ေနဝင္ခ်ိန္ေရာက္ေသာအခါ ေယာရႈအမိန႔္ေပးသျဖင့္ ထိုရွင္ဘုရင္တို႔၏အေလာင္းကို သစ္ပင္ေပၚမွခ်ၿပီး သူတို႔ပုန္းေအာင္းခဲ့သည့္လိုဏ္ဂူထဲသို႔ ပစ္ထည့္ကာ လိုဏ္ဂူဝကို ေက်ာက္တုံးႀကီးမ်ားျဖင့္ ပိတ္ထားေလ၏။ ထိုေက်ာက္တုံးႀကီးမ်ားသည္ ယေန႔တိုင္ ရွိေသး၏။