Joshua 10:30 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားသည်ထိုမြို့နှင့်ထိုမြို့၏ မင်းကိုလည်း ဣသရေလအမျိုးသားတို့ ၏လက်သို့အပ်တော်မူ၏။ သူတို့သည်မြို့ သူမြို့သားတို့ကိုတစ်ယောက်မကျန် သတ် ဖြတ်သုတ်သင်ခဲ့လေသည်။ ယေရိခေါမင်း ကိုအဆုံးစီရင်ခဲ့သကဲ့သို့လိဗနာ မင်းကိုလည်းအဆုံးစီရင်ကြသည်။
Burmese 1835 Version Judson
ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
Burmese 1928
ထို မြို့ နှင့် ဘု ရင် မင်း ပါ ဣ သ ရေ လ လက် တွင်း သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ သ ဖြင့် မြို့ ရှိ လူ အ ပေါင်း တို့ ကို တစ် ယောက် မ ကျန် ဓား ဖြင့် လုပ် ကြံ လျက် ယေ ရိ ခေါ ဘု ရင် ကို ပြု သ ကဲ့ သို့ ထို ဘု ရင် ကို လည်း ပြု လေ၏။
Burmese 2021
ထာဝရဘုရားသည် ထိုမြို့နှင့်မင်းကြီးကို ဣသရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအပေါင်းတို့ကို တစ်ယောက်မျှ မကျန်ကြွင်းရဘဲ ဓားနှင့်လုပ်ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
Burmese JBZV
ထာဝရဘုရားသည္ ထိုၿမိဳ႕ႏွင့္မင္းႀကီးကို ဣသေရလလူတို႔လက္၌ အပ္ေတာ္မူ၍၊ ၿမိဳ႕ႏွင့္ ၿမိဳ႕သားအေပါင္းတို႔ကို တစ္ေယာက္မၽွ မက်န္ႂကြင္းရဘဲ ဓားႏွင့္လုပ္ႀကံ၍၊ ေယရိေခါမင္းႀကီးကို ျပဳသကဲ့သို႔ ထိုမင္းႀကီးကို ျပဳၾက၏။
Burmese MCLZV
ထာဝရဘုရားသည္ထိုၿမိဳ႕ႏွင့္ထိုၿမိဳ႕၏ မင္းကိုလည္း ဣသေရလအမ်ိဳးသားတို႔ ၏လက္သို႔အပ္ေတာ္မူ၏။ သူတို႔သည္ၿမိဳ႕ သူၿမိဳ႕သားတို႔ကိုတစ္ေယာက္မက်န္ သတ္ ျဖတ္သုတ္သင္ခဲ့ေလသည္။ ေယရိေခါမင္း ကိုအဆုံးစီရင္ခဲ့သကဲ့သို႔လိဗနာ မင္းကိုလည္းအဆုံးစီရင္ၾကသည္။
Burmese MSBU
ထာဝရဘုရားသည် ထိုမြို့နှင့်ဘုရင်ကို အစ္စရေးလူမျိုးတို့လက်သို့ အပ်တော်မူသဖြင့် သူတို့သည် မြို့သူမြို့သားအပေါင်းတို့ကို ဓားဖြင့်လုပ်ကြံလေ၏။ အသက်ရှင်ကျန်ရစ်သောသူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ ထိုမြို့၏ဘုရင်ကို ပြုလေ၏။
Burmese MSBZ
ထာဝရဘုရားသည္ ထိုၿမိဳ႕ႏွင့္ဘုရင္ကို အစၥေရးလူမ်ိဳးတို႔လက္သို႔ အပ္ေတာ္မူသျဖင့္ သူတို႔သည္ ၿမိဳ႕သူၿမိဳ႕သားအေပါင္းတို႔ကို ဓားျဖင့္လုပ္ႀကံေလ၏။ အသက္ရွင္က်န္ရစ္ေသာသူ တစ္ေယာက္မွ်မရွိ။ ေဂ်ရိေခါဘုရင္ကို ျပဳသကဲ့သို႔ ထိုၿမိဳ႕၏ဘုရင္ကို ျပဳေလ၏။