Joshua 10:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါဂိဗောင်မြို့သားတို့သည်ဂိလ ဂါလစခန်းတွင်ရှိသောယောရှုထံသို့ လူစေလွှတ်၍``ကိုယ်တော်၏ကျွန်တို့ကိုစွန့်ပစ် ထားတော်မမူပါနှင့်။ အလျင်အမြန်ကြွ ၍အကျွန်ုပ်တို့အားကယ်တင်တော်မူပါ။ တောင်ကုန်းဒေသမှအာမောရိမင်းအပေါင်း တို့သည်စုပေါင်း၍အကျွန်ုပ်တို့အားတိုက် ခိုက်ပါပြီ'' ဟုအကြောင်းကြားလျှောက် ထားလေသည်။
Burmese 1835 Version Judson
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
Burmese 1928
ဂိ ဗောင် မြို့ သား တို့ သည် ယော ရှု တပ် ချ သော ဂိ လ ဂါ မြို့ သို့ စေ လွှတ်၍ ကျွန် တော် မျိုး တို့ ကို ရှု ကြည့် လျက် နေ တော် မ မူ ပါ လင့်။ အ ဆော တ လျင် ချီ တက် စစ် ကူ ကယ် မ တော် မူ ပါ။ ခင် တန်း တစ် လျှောက် နေ သော အာ မော ရိ ဘု ရင် အ ပေါင်း တို့ သည် ကျွန် တော် တို့ ကို စု ပေါင်း တိုက် ခိုက် ကြ ပါ ပြီ ဟု လျှောက် ကြ လေ ၏။
Burmese 2021
ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလမြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ကျွန်တို့ကိုကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင်တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီးအပေါင်းတို့သည် ကျွန်တော်တို့ကိုတိုက်ခြင်းငှာ စည်းဝေးကြပါပြီဟု လျှောက်ကြ၏။
Burmese JBZV
ဂိေဗာင္ၿမိဳ႕သားတို႔သည္ ေယာရွုရွိရာ ဂိလဂါလၿမိဳ႕သို႔ ေစလႊတ္၍၊ ကိုယ္ေတာ္၏ကၽြန္တို႔ကိုၾကည့္ရွုလ်က္ ေနေတာ္မမူပါႏွင့္။ အလ်င္အျမန္ႂကြ၍ မစကယ္တင္ေတာ္မူပါ။ ေတာင္ေပၚမွာေနေသာ အာေမာရိမင္းႀကီးအေပါင္းတို႔သည္ ကၽြန္ေတာ္တို႔ကိုတိုက္ျခင္းငွာ စည္းေဝးၾကပါၿပီဟု ေလၽွာက္ၾက၏။
Burmese MCLZV
ထိုအခါဂိေဗာင္ၿမိဳ႕သားတို႔သည္ဂိလ ဂါလစခန္းတြင္ရွိေသာေယာရွုထံသို႔ လူေစလႊတ္၍``ကိုယ္ေတာ္၏ကၽြန္တို႔ကိုစြန႔္ပစ္ ထားေတာ္မမူပါႏွင့္။ အလ်င္အျမန္ႂကြ ၍အကၽြန္ုပ္တို႔အားကယ္တင္ေတာ္မူပါ။ ေတာင္ကုန္းေဒသမွအာေမာရိမင္းအေပါင္း တို႔သည္စုေပါင္း၍အကၽြန္ုပ္တို႔အားတိုက္ ခိုက္ပါၿပီ'' ဟုအေၾကာင္းၾကားေလၽွာက္ ထားေလသည္။
Burmese MSBU
ထိုအခါ ဂိဗောင်မြို့သားတို့သည် ဂိလဂါလအရပ်၌တပ်စခန်းချနေသောယောရှုထံသို့ လူလွှတ်၍ “တောင်ပေါ်ဒေသ၌နေထိုင်သော အာမောရိဘုရင်တို့ ပူးပေါင်းပြီး အကျွန်ုပ်တို့ကို လာတိုက်ပါပြီ။ သို့ဖြစ်၍ အရှင့်အစေအပါးတို့ကို ပစ်မထားပါနှင့်။ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်လာ၍ ကူညီကယ်တင်ပါလော့”ဟု လျှောက်ဆိုစေ၏။
Burmese MSBZ
ထိုအခါ ဂိေဗာင္ၿမိဳ႕သားတို႔သည္ ဂိလဂါလအရပ္၌တပ္စခန္းခ်ေနေသာေယာရႈထံသို႔ လူလႊတ္၍ “ေတာင္ေပၚေဒသ၌ေနထိုင္ေသာ အာေမာရိဘုရင္တို႔ ပူးေပါင္းၿပီး အကြၽႏ္ုပ္တို႔ကို လာတိုက္ပါၿပီ။ သို႔ျဖစ္၍ အရွင့္အေစအပါးတို႔ကို ပစ္မထားပါႏွင့္။ အကြၽႏ္ုပ္တို႔ထံသို႔ အလ်င္အျမန္လာ၍ ကူညီကယ္တင္ပါေလာ့”ဟု ေလွ်ာက္ဆိုေစ၏။