Joshua 14:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယော်​ဒန်​မြစ်​အ​နောက်​ဘက်​ရှိ​ခါ​နာန်​ပြည် ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ခွဲ​ဝေ ပေး​ပုံ​ကို​ဖော်​ပြ​ပေ​အံ့။ ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ၊ နုန်​၏​သား​ယော​ရှု​နှင့်​ဣ​သ​ရေ​လ အ​နွယ်​များ​၏​မိ​သား​စု​ခေါင်း​ဆောင်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ထို​ပြည် ကို​ခွဲ​ဝေ​ပေး​ကြ​၏။-
Burmese 1835 Version Judson
ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။
Burmese 1928
မော ရှေ အား ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ၊ ကိုး နွယ် နှင့် တစ် ဝက် တို့ အား ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ် ထောင် အ အုပ် အ ချုပ် တို့ မဲ ချ ဝေ ပေး ကြ သည့် အ တိုင်း၊ ခါ နာန် ပြည်၌ ဣ သ ရေ လ အ မျိုး သား တို့ အ ပိုင် ရ သော နယ် များ ကို ဆို ပေ အံ့။
Burmese 2021
ခါ​နာန်​ပြည်၌​လည်း ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည် အ​မွေ​ဝေ​ဖန်၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အ​မွေ​ခံ​ရ​ကြ၏။
Burmese JBZV
ခါ​နာန္​ျပည္၌​လည္း ယဇ္​ပု​ေရာ​ဟိတ္​ဧ​လာ​ဇာ၊ ႏုန္၏​သား​ေယာ​ရွု​အ​စ​ရွိ​ေသာ ဣ​သ​ေရ​လ​အ​မ်ိဳး​အ​ႏြယ္​တို႔၌ မင္း​ျဖစ္​ေသာ​သူ​တို႔​သည္ အ​ေမြ​ေဝ​ဖန္၍ ဣ​သ​ေရ​လ အ​မ်ိဳး​သား​တို႔​သည္ အ​ေမြ​ခံ​ရ​ၾက၏။
Burmese MCLZV
ေယာ္​ဒန္​ျမစ္​အ​ေနာက္​ဘက္​ရွိ​ခါ​နာန္​ျပည္ ကို ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​အား​ခြဲ​ေဝ ေပး​ပုံ​ကို​ေဖာ္​ျပ​ေပ​အံ့။ ယဇ္​ပု​ေရာ​ဟိတ္ ဧ​လာ​ဇာ၊ ႏုန္​၏​သား​ေယာ​ရွု​ႏွင့္​ဣ​သ​ေရ​လ အ​ႏြယ္​မ်ား​၏​မိ​သား​စု​ေခါင္း​ေဆာင္​တို႔​က ဣ​သ​ေရ​လ​အ​မ်ိဳး​သား​တို႔​အား​ထို​ျပည္ ကို​ခြဲ​ေဝ​ေပး​ၾက​၏။-
Burmese MSBU
ခါနာန်​ပြည်​တွင် ယဇ်ပုရောဟိတ် ဧလာဇာ​၊ နုန်​၏​သား ယောရှု​နှင့် အစ္စရေး​အမျိုးအနွယ်​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​က အမွေခွဲ​ပေး​၍ အစ္စရေး​အမျိုးသား​တို့ ရရှိ​သော​အမွေမြေ​ကား ဤသို့​တည်း​။
Burmese MSBZ
ခါနာန္​ျပည္​တြင္ ယဇ္ပုေရာဟိတ္ ဧလာဇာ​၊ ႏုန္​၏​သား ေယာရႈ​ႏွင့္ အစၥေရး​အမ်ိဳးအႏြယ္​တို႔​၏​အိမ္ေထာင္စု​အႀကီးအမႉး​မ်ား​က အေမြခြဲ​ေပး​၍ အစၥေရး​အမ်ိဳးသား​တို႔ ရရွိ​ေသာ​အေမြေျမ​ကား ဤသို႔​တည္း​။