Joshua 16:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ယော​သပ်​အ​ဆက်​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး သော​နယ်​မြေ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည် ယေ​ရိ​ခေါ​မြို့​အ​နီး​ယေ​ရိ​ခေါ​စမ်း​ရေ​တွင်း၊ အ​ရှေ့​ယော်​ဒန်​မြစ်​မှ​အ​စ​ပြု​၍​တော​ကန္တာရ ကို​ဖြတ်​လျက်​တောင်​ကုန်း​ဒေ​သ​ရှိ​ဗေ​သ​လ မြို့​သို့​ရောက်​၏။-
Burmese 1835 Version Judson
ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊
Burmese 1928
ယော သပ် အ နွယ် သား တို့ မဲ ကျ၍ ရ သော နယ် စပ် သည် ယေ ရိ ခေါ မြို့ အ နီး၊ တော ရှိ ယေ ရိ ခေါ ချောင်း အ ရှေ့ ဘက်၊ ယော် ဒန် မြစ် မှ ခင် တန်း ကို ဖြတ် ကျော်၍ ဗေ သ လ ခေါ် လု ဇ မြို့ သို့ ရောက် ပြီး နောက်၊ အ တ ရုတ် မြို့ အ ထိ၊
Burmese 2021
ယော​သပ်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော​မြေ အ​ပိုင်း​အ​ခြား​သည် ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ယေ​ရိ​ခေါ​အိုင်​မှ​ထွက်၍ တော​လမ်း​သို့​လိုက်​လျက်၊ ဗေ​သ​လ​တောင်​တစ်​လျှောက်​လုံး​သွား​သ​ဖြင့်၊
Burmese JBZV
ေယာ​သပ္​အ​မ်ိဳး​သား​တို႔​သည္ စာ​ေရး​တံ​ျပဳ၍ အ​ေမြ​ခံ​ရ​ေသာ​ေၿမ အ​ပိုင္း​အ​ျခား​သည္ ေယာ္​ဒန္​ျမစ္​နား၊ ေယ​ရိ​ေခါ​ၿမိဳ႕​အ​ေရွ႕၊ ေယ​ရိ​ေခါ​အိုင္​မွ​ထြက္၍ ေတာ​လမ္း​သို႔​လိုက္​လ်က္၊ ေဗ​သ​လ​ေတာင္​တစ္​ေလၽွာက္​လုံး​သြား​သ​ျဖင့္၊
Burmese MCLZV
ေယာ​သပ္​အ​ဆက္​အ​ႏြယ္​တို႔​အား​ခြဲ​ေဝ​ေပး ေသာ​နယ္​ေျမ​၏​ေတာင္​ဘက္​နယ္​နိ​မိတ္​သည္ ေယ​ရိ​ေခါ​ၿမိဳ႕​အ​နီး​ေယ​ရိ​ေခါ​စမ္း​ေရ​တြင္း၊ အ​ေရွ႕​ေယာ္​ဒန္​ျမစ္​မွ​အ​စ​ျပဳ​၍​ေတာ​ကႏၲာရ ကို​ျဖတ္​လ်က္​ေတာင္​ကုန္း​ေဒ​သ​ရွိ​ေဗ​သ​လ ၿမိဳ႕​သို႔​ေရာက္​၏။-
Burmese MSBU
ယောသပ်​အမျိုးသား​တို့ မဲချ​၍​ရရှိ​သော​အမွေမြေ​မှာ ဂျေရိခေါ​စမ်းရေတွင်း​အရှေ့ဘက် ဂျေရိခေါ​မြို့​အနီး​ရှိ ဂျော်ဒန်​မြစ်​မှ ကန္တာရ​တစ်လျှောက်​ကို​ဖြတ်​၍ ဂျေရိခေါ​မြို့​မှ ဗေသလ​တောင်ပေါ်ဒေသ​သို့​တက်သွား​၏​။
Burmese MSBZ
ေယာသပ္​အမ်ိဳးသား​တို႔ မဲခ်​၍​ရရွိ​ေသာ​အေမြေျမ​မွာ ေဂ်ရိေခါ​စမ္းေရတြင္း​အေရွ႕ဘက္ ေဂ်ရိေခါ​ၿမိဳ႕​အနီး​ရွိ ေဂ်ာ္ဒန္​ျမစ္​မွ ကႏၲာရ​တစ္ေလွ်ာက္​ကို​ျဖတ္​၍ ေဂ်ရိေခါ​ၿမိဳ႕​မွ ေဗသလ​ေတာင္ေပၚေဒသ​သို႔​တက္သြား​၏​။