Joshua 20:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-
Burmese 1835 Version Judson
ထိုမြို့ တစုံတမြို့သို့ ပြေးသောသူသည် မြို့တံခါး ဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြား ပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
Burmese 1928
မုန်း ထား ခြင်း ကင်း လျက် သူ တစ် ပါး ကို မ တော် တ ဆ သတ် မိ သော လူ သတ် သည် ထို မြို့ တစ် မြို့ သို့ ပြေး၍၊ မြို့ တံ ခါး ဝ၌ ရပ် လျက် မြို့ လူ ကြီး တို့ ထံ အ မှု ကို ဖော် ပြ လျှင်၊ တ ရား စီ ရင် ခံ ရန် လူ ပ ရိ သတ် ရှေ့ ရပ် ပိုင် ခွင့် မ ရ မ ချင်း သေ စား သေ စေ ရန် လိုက် လာ သူ့ လက် တွင်း သို့ မ အပ် ဘဲ၊ မြို့ အ တွင်း ခေါ် သွင်း၍ နေ ရာ ချ ကြ သည့် အ တိုင်း ထို ကာ လ ရှိ ပ ရော ဟိတ် မင်း မ လွန် မ ချင်း ၎င်း မြို့ တွင် နေ ထိုင် စေ။ ထို နောက် မှ ထွက် ပြေး ခဲ့ ရာ နေ ရင်း မြို့ နေ ရင်း အိမ် သို့ ပြန် ခွင့် ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
Burmese 2021
ထိုမြို့ တစ်စုံတစ်မြို့သို့ ပြေးသောသူသည် မြို့တံခါးဝ၌ရပ်၍၊ ထိုမြို့၌ အသက်ကြီးသူတို့အား မိမိအမှုကို ကြားပြောသောအခါ၊ သူတို့သည် မြို့ထဲသို့ခေါ်၍ သူတို့ထံမှာ နေရာချရကြမည်။
Burmese JBZV
ထိုၿမိဳ႕ တစ္စုံတစ္ၿမိဳ႕သို႔ ေျပးေသာသူသည္ ၿမိဳ႕တံခါးဝ၌ရပ္၍၊ ထိုၿမိဳ႕၌ အသက္ႀကီးသူတို႔အား မိမိအမွုကို ၾကားေျပာေသာအခါ၊ သူတို႔သည္ ၿမိဳ႕ထဲသို႔ေခၚ၍ သူတို႔ထံမွာ ေနရာခ်ရၾကမည္။
Burmese MCLZV
သူသည္ထိုၿမိဳ႕မ်ားအနက္တစ္ၿမိဳ႕ၿမိဳ႕သို႔ ထြက္ေျပး၍ ၿမိဳ႕တံခါးဝတြင္ရွိေသာတရား စီရင္ရာဌာနသို႔သြားၿပီးလၽွင္ ၿမိဳ႕၏အႀကီး အကဲတို႔အားျဖစ္ပ်က္ခဲ့သမၽွကိုရွင္းျပ ရမည္။ ထိုေနာက္အႀကီးအကဲတို႔က ထိုသူ အားၿမိဳ႕တြင္းသို႔ဝင္ခြင့္ျပဳ၍သူေနထိုင္ ရန္ေနရာခ်ေပးရမည္။-
Burmese MSBU
လူသတ်သမားသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ပြေးသွားသောအခါ မြို့တံခါးအဝင်ဝ၌ရပ်၍ ထိုမြို့၏သက်ကြီးဝါကြီးတို့အား မိမိအမှုကိစ္စများကို ပြောပြရမည်။ အကြီးအကဲတို့သည် လူသတ်သမားကို မြို့ထဲသို့ခေါ်သွား၍ နေရာချပေးရမည်။ သူတို့နှင့်အတူ နေထိုင်စေရမည်။
Burmese MSBZ
လူသတ္သမားသည္ ထိုၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ၿမိဳ႕သို႔ ေျပးသြားေသာအခါ ၿမိဳ႕တံခါးအဝင္ဝ၌ရပ္၍ ထိုၿမိဳ႕၏သက္ႀကီးဝါႀကီးတို႔အား မိမိအမႈကိစၥမ်ားကို ေျပာျပရမည္။ အႀကီးအကဲတို႔သည္ လူသတ္သမားကို ၿမိဳ႕ထဲသို႔ေခၚသြား၍ ေနရာခ်ေပးရမည္။ သူတို႔ႏွင့္အတူ ေနထိုင္ေစရမည္။