Joshua 21:27 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။-
Burmese 1835 Version Judson
လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကို သတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေ ရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကို၎င်း၊
Burmese 1928
လေ ဝိ အ ဆက် အ နွယ်၊ ဂေ ရ ရှုံ့ သား မြေး တို့ အား မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် တွင် ပေး ကြ သည် မှာ ဗာ ရှန် ပြည် ရှိ လူ သတ် ခို ဝင် ရာ ဂေါ လန်၊ ဗေ ရှ တေ ရ မြို့ များ နှင့် စား ကျက် ပါ နှစ် မြို့ ကို လည်း ကောင်း၊
Burmese 2021
လေဝိအဆွေအမျိုး၊ ဂေရရှုံသားတို့အားလည်း၊ မနာရှေခရိုင်ဝက်ထဲက လူအသက်ကိုသတ်မိသောသူ မှီခိုရာမြို့၊ ဗာရှန်ပြည်၌ ဂေါလန်မြို့နှင့် မြို့နယ်၊ ဗေရှတေရမြို့နှင့် မြို့နယ်တည်းဟူသော နှစ်မြို့တို့ကိုလည်းကောင်း၊
Burmese JBZV
ေလဝိအေဆြအမ်ိဳး၊ ေဂရရွုံသားတို႔အားလည္း၊ မနာေရွခရိုင္ဝက္ထဲက လူအသက္ကိုသတ္မိေသာသူ မွီခိုရာၿမိဳ႕၊ ဗာရွန္ျပည္၌ ေဂါလန္ၿမိဳ႕ႏွင့္ ၿမိဳ႕နယ္၊ ေဗရွေတရၿမိဳ႕ႏွင့္ ၿမိဳ႕နယ္တည္းဟူေသာ ႏွစ္ၿမိဳ႕တို႔ကိုလည္းေကာင္း၊
Burmese MCLZV
ေလဝိအႏြယ္ဝင္ေဂရရွုံ၏သားခ်င္းစုတို႔ သည္အေရွ႕မနာေရွနယ္ေျမမွၿမိဳ႕ႏွစ္ၿမိဳ႕ ကိုရရွိၾက၏။ ၎တို႔မွာပတ္ဝန္းက်င္ရွိ စားက်က္မ်ားအပါအဝင္ဗာရွန္ျပည္ရွိ ေဂါလန္ၿမိဳ႕(ခိုလွုံရာၿမိဳ႕တစ္ၿမိဳ႕) ႏွင့္ေဗရွ ေတရၿမိဳ႕တို႔ျဖစ္သည္။-
Burmese MSBU
လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။)
Burmese MSBZ
ေလဝိအမ်ိဳးအႏြယ္၏မ်ိဳးႏြယ္စုျဖစ္ေသာေဂရရႈန္သားေျမးတို႔ကိုကား မနာေရွအမ်ိဳးအႏြယ္တစ္ဝက္ရေသာအေမြေျမထဲမွ ဗာရွန္ျပည္ရွိ ေဂါလန္ၿမိဳ႕ႏွင့္ ဝန္းက်င္ရွိစားက်က္ေျမမ်ား၊ ေဗရွေတရၿမိဳ႕ႏွင့္ စားက်က္ေျမမ်ားကိုေပး၏။ (ေဂါလန္ၿမိဳ႕သည္ မေတာ္တဆလူသတ္မိေသာသူတို႔ ခိုလႈံႏိုင္ေသာၿမိဳ႕ ျဖစ္၏။)